လူတွေအိပ်ယာကနိုးထတဲ့အခါ ဘယ်လိုနိုးလာသလဲ ဘာကိုအရင်ဆုံးသတိပြုမိပြီးတော့လဲ ဆိုတာ သိကြလား ။
ရီရှင်းကတော့ မပြောတတ်ဘူး ။ သူအိပ်ယာနိုးတဲ့အခါ မျက်လုံးကောင်းကောင်းပွင့်နေပြီး ပုံမှန်အတိုင်း ဆတ်ခနဲတောင် ထထိုင်ပြီးနေပြီ ။သို့ပေမဲ့ သည်မနက်မှာတော့ ပုံမှန်မကျစွာ ခေါင်းနည်းနည်း နောက်သွားတာကို ခံစားလိုက်ရတယ် ။ ပြီးတော့ အဖြူရောင်စောင်အောက်က သူ့ခြေထောက်တွေ ... ။
စောင်ကိုလွှာကြည့်ပြီးတဲ့အခါ ရီရှင်းခေါင်းတွေပိုနောက်သွားသည် ။ သူဟာ အကျီ င်္တောင်ချွတ်ပြီး အိပ်တတ်သည့်သူမျိုးမဟုတ် ။ အခုအခါမှာတော့ ဘောင်းဘီတွေပါ မရှိသည့်ကိစ္စက !!
ထို့နောက်မှာ ရီရှင်းက သူ့ခန္ဓာကိုယ်မှာ တစ်စုံတရာထူးခြား နေသည်ကိုလည်း သတိပြုမိလိုက်သည် ။ ဒါပေမဲ့ ဘာကထူးခြားနေသည်လဲဆိုတာကိုတော့ အတည်မပြုနိုင်ခဲ့ ။
"... ..."
ရေချိုးခန်းထဲက ရုတ်တရတ် ရေကျသံကြောင့် အိပ်ယာပေါ်က စမ်းတဝါးဝါးအမူအရာနဲ့သူထလိုက်ရသည် ။ ခုတင်အောက်ပုံနေတဲ့ ဘောင်းဘီတွေကိုပြန်ကောက်စွပ်နေရင်းမှ ဂျင်းဘောင်းဘီမှာ ကြယ်သီးတစ်လုံးပြုတ်နေတာကိုလည်း သိလိုက်ရသည် ။
ရေချိုးခန်းထဲက ရေသံဟာတိတ်သွားခဲ့သည် ။
ကျွီ ...
"အဲ "
ကြားနေရတဲ့ရေသံတွေက ဘာကြောင့်လဲ ဘောင်းဘီဝတ်ပြီးမှ စူးစမ်းမည်ဟု အေးအေးသက်သာပဲတွေးထားပေမဲ့ ရုတ်တရတ်ပြန်တိတ်သွားသည့် ရေသံကြောင့် ရှေ့တည့်တည့်ရေချိုးခန်းတံခါးကို စိုက်ကြည့်နေတဲ့ ရီရှင်းဟာ ဖြည်းဖြည်းခြင်းပွင့်ဟလာတဲ့ တံခါးချပ်အဆုံးမှာ ကြောင်အသွားသည် ။
" ဂျွန်မြောင် ?"
ရီရှင်းက မျက်မှောင်ကုတ်ကာ မေးခေါ်ခေါ်လိုက်သည် ။ သူညက ဂျွန်မြောင့်ကို အိမ်ခေါ်လာမိတာ မှတ်မိပြီး နောက်ဆက်တွဲအားလုံးကိုလည်း မှတ်မိသွားပြီး ဖြစ်သည် ။
အိပ်မက်တော့ မဟုတ်ဘူးမလား ။
"နိုး နိုးပြီပေါ့ "