-1-

4.3K 386 7
                                    

ဟောခန်းကြီးတစ်လျှောက် ပြွတ်သိပ်ကျပ်နေတဲ့ လူတွေကိုမြင်တော့ နည်းနည်းကြက်သီးဖြန်းမိတာတော့ အမှန်ပင်။ ဖွင့်ထားတဲ့သီချင်းသံတွေနဲ့ ဘေးပတ်ပတ်လည် LED Board တွေမှာမြင်နေရတဲ့ ကုမ္ပဏီနဲ့ပတ်သတ်သော မှတ်တမ်းတွေကိုငေးရတာ ပို၍ပင် ကြက်သီးဖြန်းစရာကောင်းသေးသည်။

သူအရင်က ကုမ္ပဏီနဲ့ရင်းနှီးကျွမ်းဝင်မှုမရှိသေးခင် ဒီလိုပွဲတွေ တတ်ဖို့တွန့်ဆုတ်ခဲ့တာမှတ်မိတော့ နောင်တရချင်သလိုပင် ။ အောင်မြင်နေသောခေါင်းဆောင်အချို့ရဲ့ လက်တွေ့ဘဝ အတွေ့အကြုံတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်တင့်ပေးသော ခွန်အားတွေကို ဝေမျှပေးသော ဒီလို Event မျိုးဆိုတာ ကုမ္ပဏီကအပတ်စဉ်ကျင်းပပေးနေပါရက် သူကအလုပ်ထဲ သာသဲကြီးမဲကြီးဖြစ်ခဲ့သောကြောင့် လှည့်မကြည့်ဖြစ်ခဲ့ ။

ဒါဟာ သူ့ရဲ့လုပ်သက်၃လအတွင်း ပထမဆုံးတတ်ရောက် ဖြစ်သော ပွဲဟုပင် ပြောရမည် ။

"ဒီနေ့ Speaker က ကျန်းရီရှင်း တဲ့ "

"တကယ်ကြီး ??"

"အေး နောက်ဆုံးပြောမယ့်သူက သူတဲ့ "

ပွဲထဲမှာ နှလုံးခုန်ထွက်မတတ်ကျယ်လောင်လွန်းသော အသံတွေကြားကနေပဲ လူတွေအကုန်ရုတ်စိရုတ်စိ ဖြစ်ကုန်သည်။

ဒါဟာ အသေချာဆုံးက ကျန်းရီရှင်း ဆိုသော နာမည်ကြောင့်ဆိုတာ လွဲစရာမရှိ ~!

ဒီနာမည်ကို သူလည်းပဲရင်းရင်းနှီးနှီးပင် ကြားဖူးပြီးသားဖြစ် ခဲ့သည်။ အလုပ်စဝင်ပြီး တပတ်မကြာခင်မှာတင် စီနီယာတွေ ပါးစပ်ဖျားမှာ အမျိုးမျိုးချီးမွမ်းခံ ဂုဏ်မြင့်ပြောဆိုခံနေရသော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည် ။

"ဟေ့ကောင် ကြားလား ။ ဒီနေ့နောက်ဆုံး Speaker
ရီရှင်း တဲ့ "

ကော်ဖီသွားထည့်နေသော မင်ဆော့ကအပြေးတပိုင်း ပြန်ရောက်လာရင်းပြောရှာသည် ။ မင်ဆော့သာ ဖုန်းကီးဘုတ်တွေမှာပါတဲ့ အီမိုဂျီလေးတစ်ခုဆို မျက်လုံးမှာအသဲပုံတွေထွက်နေသော အီမိုဂျီလေးနှင့် တူလိမ့်မည်ထင်သည် ။

သူ့မှာ အခုမှမဟုတ် ဟိုးအရင်ကတည်းက ရီရှင်းဆိုသော အမည်ကိုပါးစပ်ကထုတ်ပြောရရုံနဲ့ မျက်လုံးတွေက တလက်လက်တောက်နေတတ်တာမဟုတ်လား ။

MOMENTTempat cerita menjadi hidup. Temukan sekarang