-6-

3.6K 433 77
                                    

"ပြန်လာရင် ဘာလက်ဆောင်ဝယ်ခဲ့ရမလဲ "

ခရီးဝေးသွားခါနီး အိမ်ကသားကိုချော့မော့နေသော အဖေကြီးလေသံနဲ့ ကင်မ်မင်ဆော့ ။ ဂျွန်မြောင်မျက်စောင်းနာနာထိုးမိသည် ။ အလုပ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက်လုံး ဒီတခေါက် target လောက် တတ်ကြွနေတာမမြင်ဖူးဘူး ။ ထို့ကြောင့်လည်း သူကဘာမဟုတ်တဲ့ကိစ္စကြောင့် လက်လျော့လိုက်ပေမဲ့ မင်ဆော့ကတော့ အရွေးခံရသည့် ငါးယောက်ထဲ ပါသွားခဲ့တာဖြစ်သည် ။

"မင်းဘာတွေမနာလိုနေတာလဲ ။ ပါအောင်လုပ်ဆိုတုန်းကမလုပ်ဘဲနဲ့ အခုမှဂြိုလ်ကြည့်ကြည့် မနေနဲ့ "

"စိတ်မပါလို့ ဟေ့ကောင် ။ ကင်မ်ဂျွန်မြောင်တို့လုပ်ရင် မဖြစ်နိုင်တာမရှိဘူး "

မင်ဆော့ သူ့စကားကိုတလုံးမကျန် အသံသေးအသံညောင်နဲ့ မဲ့ရွဲ့ကာ လိုက်ပြောသည် ။

"အဲ့တော့ အခွင့်အရေးတွေလက်လွှတ်ဆုံးရှုံးကုန်တာပေါ့ သားလေးရယ် ။ ဒီမှာကျန်း UK ရောက်ရင် အကုန်လုံးကို ဟိုတယ်တလုံးတည်းတည်းခွင့်ပေးမှာ ။ ကံကောင်းရင် ရီရှင်းနဲ့တောင်အိပ်ခွင့်ရဦးမယ် ဟာဟ "

မင်ဆော့စကားကြောင့် ဂျွန်မြောင့်မျက်နှာဟာ ချက်ချင်းဆို သလို မည်းခနဲဖြစ်သွားရသည် ။ မင်ဆော့ကိုပဲ မင်းသူနဲ့ မအိပ်ရဘူးကွာလို့ အသည်းအသန်ပြောချင်မိတာလိုလို ရီရှင်းကိုပဲ အခြားဘယ်သူနဲ့မှမအိပ်နဲ့နော်လို့ ပြေးပြောချင်တာလိုလို စိတ်ထဲမကျေမနပ်ကြီး ဖြစ်သွားသည် ။

မင်ဆော့ပြောမှ ရီရှင်းကိုသတိရပြီး ရှာကြည့်မိတော့ ခေါင်းဆောင် အချို့နဲ့စကားပြောနေတာကို တွေ့ရသည် ။ နေကာမျက်မှန်အနက်တပ်ထားပြီး ဦးထုပ်ကိုနောက်ပြန်စောင်းထားသည့် ရီရှင်းက လူငယ်ဆန်နေသည် ။ မျက်မှန်အနက်ကြောင့်ပဲ မမြင်ရတာလားမသိပေမဲ့ ရီရှင်းက ဂျွန်မြောင်တို့ရှိရာဖက် မျက်နှာသာလှည့်ထားတယ် မျက်လုံးရောက်မလာဘူး ။

မျက်နှာခြင်းဆိုင်တွေ့တာတောင်စေ့စေ့မကြည့်သော ရီရှင်းက ပြီးသွားခဲ့တဲ့တပတ်လုံးလည်း ဂျွန်မြောင့်ဆီရောက်မလာခဲ့ဘူး ။ UK ခရီးစဉ်နဲ့ပတ်သတ်ပြီး ပြင်ဆင်စရာတွေ စီစဉ်စရာတွေ ပုံနေမှာသိပေမဲ့ အမှတ်တမဲ့မျှော်နေတတ်တဲ့ ဂျွန်မြောင်ဟာ မကြာခင်ကြုံတွေ့ရတော့မည့် သုံးပတ်ဆိုတဲ့ကာလအကြောင်း စိုးရိမ်စပြုလာတယ် ။

You've reached the end of published parts.

⏰ Last updated: Apr 12, 2018 ⏰

Add this story to your Library to get notified about new parts!

MOMENTWhere stories live. Discover now