1

10.7K 540 42
                                    

Zawgyi


# Tae Hyung

အားလုံးပဲ မင်္ဂလာပါဗျ.....

ကျွန်တော့်နာမည်က Kim Tae Hyung....

အသက်က နှစ်ဆယ်ငါးနှစ်.....ရုပ်ရည်က ရေလည်လန်းပြီး မင်းသားရှုံးတယ်......ကိုယ်ပိုင် စီးပွားရေးလုပ်နေပြီး အောင်မြင်နေတဲ့ လူငယ်လုပ်ငန်းရှင် တစ်ယောက်ပေါ့ဗျာ.....

ကျွန်တော့်မိဘတွေကတော့ မရှိတော့ဘူးဗျ......ကား accident ကြောင့် လွန်ခဲ့တဲ့ ရှစ်နှစ်က ဆုံးသွားကြတယ်....

ဦးလေး တစ်ယောက်တော့ရှိတယ်....သူ့နာမည်က Kim Seok Jin တဲ့.....ကျွန်တော့ဦးလေးဆိုတော့ ကျွန်တော့ထက်မသာပေမယ့် ကျွန်တော့လောက်နီးနီးတော့ ပုံလာတယ်ဗျ.....

နောက်တစ်ခုက ကျွန်တော်က အခုထိ Single ပဲဗျ.....ဆော်လန်းလန်းလေးတွေ ဆိုရင် ကျွန်တော့ဘက်ကခူးစရာမလိုဘဲ သူတို့ဘက်က ညွတ်ချင်နေကြတာဗျ...

ဒါပေမယ့် ကျွန်တော်အခုအချိန်ထိ ဘာလို့ Single ဖြစ်နေသေတာလဲ.....အဲ့ဒါက စဉ်းစား စရာပဲလေ....

ကျွန်တော့လို ဥစ္စာပေါရုပ်ချော မိန်းကလေးတိုင်းရဲ့ စိတ်ကူးယဉ်စရာ ခပ်ချောချောကောင်က ဘာလို့အခုထိ Single ဖြစ်နေရတာလဲ.....

ခင်ဗျားတို့ အားလုံးလဲ အဖြေရှာနေကြတယ် မဟုတ်လား.....

အဓိက အကြောင်းအရင်းက ကျွန်တော်နဲ့ တစ်အူထုံဆင်း တစ်ဖင်ထဲထွက်တဲ့ ကျွန်တော့ညီကြောင့်ပေါ့ဗျာ.....

သူ့က ကျွန်တော် လူ့လောကကို ရောက်ပြီး လေးနှစ်နဲ့ ရှစ်လအကြာမှာ ကျွန်တော့ မွေးသမိခင် Jun Ji Hyun က မွေးဖွားခဲ့တဲ့ ကျွန်တော့်ညီ အရင်းခေါက်ခေါက်ပေါ့ဗျာ.....

အခုထိ ကလေးရုပ်မပျောက်သေးဘဲ လူကောင်ခပ်သေးသေးဆိုပေမယ့် ရန်ဖြစ်တိုင်း သူအမြဲနိုင်နေကြဗျ......

ရန်ဖြစ်တိုင် သူ့နိုင်ကွက်က မွေးရာပါ ရှေ့သွားကြီးကြီးနှစ်ချောင်းဗျ......

သူ့ရှေ့သွားတွေနဲ့ အကိုက်ခံရရင်တော့ အဲ့ပွဲမှာ ကျွန်တော်ရှုံးပြီပဲ......

သူနဲ့ ရန်ဖြစ်လို့ ကျွန်တော် ရှုံးတိုင်း ကျွန်တော့် မွေးသမိခင်ကို ကျွန်တော်အပြစ်တင်မိတယ်.....

Two BrothersWhere stories live. Discover now