15

2.2K 194 52
                                    




Zawgyi




"ဦးဂျွန်.....ဦးဂျွန်ရေ......''

နားထဲမှာ ခေါ်သံသေးသေးလေးကြောင့် မျက်လုံးဖွင့်ကြည့်တော့ သူ့ကုတင်ဘေးမှာရပ်ပြီး သူ့ပုခုံးတွေကို လှုပ်နိုးနေတဲ့အကောင်ပေါက်လေး။

"ဦးဂျွန်ရေ ထတော့ဗျ.....အိပ်ပုတ်ကလည်း ကြီးလိုက်တာဗျာ ဟွန့်......''

အနီရောင် Hoodie ပွပွကြီးကို ဘောင်းဘီအဖြူလေးနဲ့တွဲဝတ်ထားတဲ့ ငယ်လေးဟာ လက်လေးပိုက်ပြီး ပုံစံကိုက ဆရာကြီး စတိုင်နဲ့။

ဟန်ပါပါနဲ့သူ့ရှေမှာရပ်နေပုံက gang star ပေါက်စလေးအတိုင်းပဲ။

"ဦးဂျွန်ရာ နိုးရင်လည်းထတော့လေဗျာ.....အောက်မှာ မနက်စာစားဖို့ ဦးဦးကခေါ်ခိုင်းလို့ဗျ......''

သူ့လက်နှစ်ဖက်ကို အတင်းဆွဲထူရင်း စူပုတ်ပုတ်နဲ့ပြောလာတာကြောင့် Namjoon က ပေါက်စရဲ့ ဆံပင်တွေကိုဆွဲဖွရင်း စလိုက်မိသည်။

"အား!..ဦးဂျွန်ဘာလို ဆံပင်ဖွရတာလဲ....ကေပျက်တယ်ဗျ.....မြန်မြန်ထ ကုန်သွားရင် မတက်နိုင်ဘူး!......"


ဆွဲထားတဲ့ လက်တွေကို အင့်ခနဲပြန်လွှတ်ပြီး ထွက်သွားတဲ့ပေါက်စလေးကိုကြည့်ပြီး ထိုကလေးကို သူဟိုးအရင် စာစသင်ပေးခဲ့ရတဲ့ အချိန်တွေကိုသတိရမိသည်။

မှတ်မှတ်ရရ အဲ့တုန်းက သူက ဆယ်ခွန်ဆယ့်ရှစ်အရွယ် ဒီအကောင်ပေါက်ကတော့ ငါးနှစ်လောက်ပဲရှိသေးသည်။

ငယ်ငယ်က ဒီအကောင်ပေါက်ဟာ လုံးလုံးသေးသေးနဲ့ စကားကလည်းမပီကလာပီကလာနှင့်သိပ်ချစ်ဖို့ကောင်းသည်။

Seok Jin မှမဟုတ် ကျန်တဲ့သူတို့လေးယောက်ကလည်းအရမ်းချစ်ရတဲ့ အသဲကျော်လေး။

အဲ့တုန်းက ပျင်းပျင်းရှိတာနှင့် Kim Seok Jin အိမ်ကိုသွားတဲ့အချိန်ကဖြစ်သည်။

အိမ်ရှေ့ဧည့်ခန်းမှာ စာအုပ်တစ်အုပ်နဲ့ ကလေးကိုစသင်ပေးနေတဲ့ Seok Jin....

စာသင်ပေးတာက နည်းနည်းပါ ဖုန်းတစ်လုံးနဲ့ porn ကားကြည့်တာကများများ။

သူ့ကိုမြင်လိုက်တော့ သကောင့်သားမျက်နှာဖြီးသွားတာများ လူကိုကြည့်ပြီး သူ့မူပိုင်မှန်တိုက်သံကြီးနဲ့ရယ်တာ အမျှင်းမပြတ်ဘူး။

Two BrothersDonde viven las historias. Descúbrelo ahora