7

2.6K 306 106
                                    




Zawgyi



Toppoki အစပ်တစ်ပွဲမှာပြီး စားနေကြတဲ့ တူဝရီးနှစ်ယောက်က ပတ်ဝန်းကျင်ကိုတောင် သတိမမှူနိုင်ကြ။

စားနေရင်းမှ Jung Kook က ခေါင်းမော့ကာ သူ့ဦးလေးဖြစ်သူကိုကြည့်ပြီး......

"ဦးဦး ဖြည်းဖြည်းစားလေ.....အပူကြီးစားရင် ဦးဦးသွားတွေ ကျွတ်ထွက်ကုန်လိမ့်မယ်........''

အသေးကောင်အပြောကြောင့် Seok Jin တစ်ယောက် စားနေရာမှ မျက်နှာကိုမဲ့ရင်း......

"အမလေ ငယ်ငယ်ရယ်......အပူကြီး မစားပဲ အေးအောင်သာ စောင့်လို့ကတော့ မင်းလက်ချက်နဲ့ ငါ ပန်ကန်ပဲလျှပ်နေရလိမ့်မယ်.......''

အကြောင်းတွေ သိနေကြတဲ့အတိုင်း အစားအသောက်နှင့် ပတ်သက်လာရင် ဒီတူနဲ့ ဒီဦးလေး တစ်ယောက်နှင့်တစ်ယောက် လုံးကြီးတင် မပြောနဲ့ သေးသေးတင်တောင် မခံကြပေ။

တစ်ပွဲနှင့်မဝ နှစ်ပွဲလည်းမဝ နောက်ဆုံး ငါးပွဲမြောက်အပြီးမှာတော့ တူဝရီးနှစ်ယောက်သား ဗိုက်ကလေးတွေ ပွတ်ရင်း စားပွဲပေါ်မှ ထကြလေတော့သည်။

အချိန်ကိုကြည့်လိုက်တော့ ညကိုးနာရီ။

ဗိုက်ကလေးတွေကလည်း ပြည့်သွားတော့ Seok Jin တစ်ယောက် တူတော်မောင် အသေးလေးလက်ကိုဆွဲပြီး အိမ်ပြန်ရန် စတင်ရပြီပေါ့။

"ဦးဦး သားတို့ ဗိုက်ကြပ်နေတာ လမ်းလျှောက်ပြီးပဲ ပြန်ရအောင်နော်..... ''

ဗိုက်ပြည့်ရင် ပြည့်တယ်မပြော အမြဲတမ်း ဗိုက်ကြပ်တယ်ပဲ ပြောတက်တဲ့ အသေးကောင်းအလိုကျ လမ်းလျှောက်ပြန်ဖို့ပြင်ရသည်ပေါ့။

ညလေလေး တစ်ဖြူးဖြူးနဲ့ လမ်းလျှောက်လို့တော့ အကောင်းသား။

လျှောက်နေရင်းမှ လမ်းချိုးတစ်နေရာအရောက် မှောင်ရိပ်မှ ထွက်လာတဲ့ လူနှစ်ယောက်ကြောင့် တူဝရီးနှစ်ယောက်သား လန့်သွားမိသည်။

မတော်လို့ လုယက်တဲ့ သူတွေ ဖြစ်နေရင် ပေးစရာဆိုလို့ တန်ဖိုးရှိတာ ဘာမှမပါ။

အခုလောလောဆယ် ပြည့်နေတဲ့ သူ့တို့ တူဝရီးနှစ်ယောက်ရဲ့ ဗိုက်အိုးနှစ်လုံးပင်ရှိသည်။

Two BrothersWhere stories live. Discover now