13

1.8K 218 101
                                    


Zawgyi



"​ဖြောင်း!...."

အားပြင်းလားမပြင်းလား မျက်​နှာတစ်​ခုလုံးလည်​ထွက်​သွားတယ်​။

ရိုက်​သွားတဲ့ လက်​သည်​​ကောင်​မ​လေးက​တော့ သူ့​ရှေ့က​နေ ​ကော့ပလက်​​ကော့ပလက်​နဲ့ ထွက်​သွားတာ အစအနဆိုလို့ ကိတ်​​နေတဲ့ ဖင်​နှစ်​တုံးပဲမြင်​ရ​တော့တယ်​။

သူက​တော့ ထို​နေရာမှာ အ​ကြောင်​သားရပ်​လို့။

နှုတ်​ခမ်းကိုဖိကိုက်​လိုက်​တယ်​။

ပါးပြင်​ထက်​မှာ မျက်​ရည်​နှစ်​စက်​က​တောက်​ခနဲပဲ ​ခြေ​ထောက်​​ပေါ်ကျသွားတယ်​။

အဲ့ဒါပဲ ပါး​ပေါ်ကမျက်​ရည်​ ​ခြေ​ထောက်​အထိ ကျတယ်​ဆိုတာ။

ယောက်ျာ​လေးပဲ ဘာလို့ငိုလဲ လာမ​မေးနဲ့ ​ယောက်ျာ​လေးလည်း နာရင်​ငိုမှာပဲ။

အံကြီးကြိတ်​ပြီး မျက်​ရည်​​တွေကို ဖိသုတ်​ပစ်​လိုက်​တယ်​။

တော်​ပြီး....မိန်းမ​တွေ တစ်​​ယောက်​မှမ​ကောင်းဘူး....

မ ဆိုတဲ့သတ္တဝါဆို မုန်းလွန်းလို့ ကိုယ့်​​ခြေမနဲ့ လက်​မ​တောင်​ ဖြတ်​ပစ်​လိုက်​ချင်​တယ်​...

အခုထိရှိ​နေ​သေးတာက နာမှာဆိုးလို့.....

ဖီးတက်​​နေတာနဲ့​ drama ​တွေထဲက ဇာတ်​လိုက်​မင်းသားလို ဟန်​ပါပါ ​ကောင်းကင်​ကို ​မော့ကြည့်​လိုက်​​တော့ စာက​လေးတစ်​​ကောင်​က ချီးပါချလိုက်​တာ မျက်​နှာထက်​ကို ဗျစ်​ခနဲပဲ...

ငိုးမ စာက​လေး...​နေ​ပေ့​စေအုံး ​တွေ့မယ်​...

မိန်းမ​တွေကို စိတ်​နာပြီး အာသ​ဝေါကုန်​ ​တောထွက်​ချင်​စိတ်​က အဲ့​နေ့ကစတာပဲ.....

"ဦးဦး......''

ဘေးနားက လာ​ခေါ်တဲ့ အ​သေး​ကောင်းကို ကြည့်​ပြီး Seok Jin အကြီးကြီး စိတ်​​လေသွားတယ်​။

ဝတ်​ထားတာက အဖြူ​ရောင်​​ကော်​လံပါတဲ့ တီရှပ်​​လေးကို ဒူး​လောက်​အဖြူ​ရောင်​ကြိုးသိုင်းပါတဲ့ ​ဘောင်းဘီ​လေးနဲ့တွဲဝတ်​ထားတာ။

Two BrothersDonde viven las historias. Descúbrelo ahora