Zawgyi
အခန်းထဲမှာ Tae Hyung နဲ့ Jung Kook တို့ ညီအစ်ကိုနှစ်ယောက် အလုပ်ရှုပ်နေကြတာဖြစ်သည်။
ညီအစ်ကိုနှစ်ယောက်ဆိုပေမယ့် အဓိကကတော့ Tae Hyung ပင်။
ခရီးထွက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်နေတာဖြစ်သည်။
Jung Kook ကတော့ ကုတင်ပေါ်မှာ ထိုင်နေရင်း သူ့အစ်ကို လုပ်သမျှကို လိုက်ကြည့်နေသည်။
"ကိုကို ဘေဘီရောလိုက်လို့မရဘူးလား.......''
"မရဘူး ဘေဘီရဲ့.......ကိုကိုက အရင်တစ်ခေါက်ကလည်း မလိုက်သွားဘူးလေ အခုတစ်ခေါက်က မဖြစ်မနေမို့လို့........''
Tae Hyung က ကျောပိုးအိတ်ထဲကို အဝတ်နှစ်စုံလောက်ထည့်ကာ လိုအပ်တဲ့ ပစ္စည်းတွေကို စုရင်းမှ Jung Kook ကို လှည့်ပြောသည်။
"ကိုကိုသွားမှာ နှစ်ရက်ထဲပါ....အိမ်မှာကောင်းကောင်းနေနော်.......''
"Omma တို့ကလည်း ပြန်မရောက်သေးဘူး......''
Jung Kook က မျက်နှာလေးမဲ့ရင်းပြောတော့ Tae Hyung က လုပ်လက်စတွေကို ခဏချပြီး Jung Kook ထိုင်နေတဲ့ ကုတင်ပေါ်သို့ ဝင်ထိုင်လိုက်ကာ Jung Kook ပါလေးနှစ်ဖက်ကို ဆွဲညစ်ရင်း......
"Aggo! ကိုကို့ဘေဘီလေးက ကိုကိုမရှိရင် မနေတက်ဘူးလား.....ဦးလေး Seok Jin ရှိတယ်လေ ဘေဘီရဲ့...... ''
Tae Hyung က တစ်လတစ်ခေါက်သွားရသည် ကျောင်းလေ့လာရေးခရီးအတွက်ပြင်ဆင်နေတာဖြစ်သည်။
အရင်လကလည်း မလိုက်ဖြစ်သည့်အတွက် ဒီလကို ကျိန်သေပေါက်လိုက်ရတာ ဖြစ်သည်။
"ဒါနဲ့ ဦးလေး Seok Jin ရော ဘေဘီ....... ''
"သူ့အခန်းထဲမှာရှိမှာပေါ့.....ဦးဦးက အခန်းပဲအောင်းနေတာ လေးငါးရက်လောက်တောင်ရှိပြီကိုကိုရဲ့ ဘာဖြစ်နေတာလဲမသိဘူး.......''
"သူ့အကြောင်းနဲ့သူရှိမှာပေါ့ဘေဘီရဲ့.......''
"ဟုတ်ပါဘူး ကိုကိုရဲ့.....ဘေဘီက ဦးဦးကို စိတ်ပူလို့......''
"စိတ်မပူနဲ့ သူက ကလေးမဟုတ်တော့ဘူး...... လာ ကိုကို့ကို ပစ္စည်းတွေ ကူထည့်ပေးအုံး.......''
YOU ARE READING
Two Brothers
FanfictionMain Cast - Tae Hyung , Jung Kook, Seok Jin Support Cast - Yoongi,Namjoon,Hoseok,Jimin Not Yaoi Start - 19/ March/2019