10

2.2K 249 114
                                    



Zawgyi



ဘုရားကျောင်းထဲမှ ဓမ္မတေးသံလွင့်လွင့်နှင့်အတူ Piano သံလွင့်လွင့်လေးက ထွက်ပေါ်နေသည်။

ဘုရားကျောင်းအပြင်ဘက်တွင်တော့ နှင်းမှုံဖွေးဖွေးက မြေပြင်ထက်သို့ ကြွေဆင်းလျှက်။

လမ်းတစ်လျှောက်ရော အဆောက်အဦးတွေရဲ့ အမိုးတွေပါမကျန် ဖြူဆွတ်ဆွတ် နှင်းမှုံတွေက နေရာယူလျှက်။

တစ်ချက်တစ်ချက် လေပြေအဝှေ့မှာ ဦးတည်ချက်မဲ့စွာ ဟိုဟိုဒီဒီ ပျံ့လွင့်လျှက်လည်းရှိသည်။

ထိုအချိန်မှာပင် ဘုရားကျောင်းထဲမှ ဓမ္မတေးသံရော Piano သံပါရပ်တန့်သွားပြီး ဘုရားကျောင်းဝန်းအတွင်းမှ တစ်ဖွဲဖွဲနှင့် ပြန်ထွက်လာကြတဲ့ လူတစ်စု။

ထိုလူအုပ်စုထဲတွင် အသက်ဆယ်သုံးနှစ်အရွယ်ကောင်လေးတစ်ယောက်နှင့် အသက်ရှစ်နှစ်အရွယ် ညီအစ်ကိုနှစ်ယောက်လည်းအပါအဝင်ဖြစ်သည်။

ဘုရားကျောင်းအပြင်ဘက်ရောက်သည်နှင့် အေးမြမှုကြောင့် ခန္ဓာကိုယ်လေးတွေကို ကြုံ့လိုက်မိကြသည်။

ချမ်းစိမ့်စိမ့် ဆောင်းတွင်းရဲ့ လေပြေအေးအေးက သူတို့နှစ်ယောက်စလုံးကို ရိုက်ခက်သွားဟန်ပေါ်သည်။

တစ်ယောက်သော အကြီးကောင်လေးက အငယ်ကောင်လေးဝတ်ထားတဲ့ ဂျာကင်အင်္ကျီလေးရဲ့ ဇစ်ကို အပေါ်အထိရောက်အောင်ဆွဲတင်ပေးလိုက်ပြီး သူ့လည်ပင်းမှ ပတ်ထားတဲ့ မာဖလာလေးကိုပါ အငယ်ကောင်လေးရဲ့ လည်ပင်းကိုပတ်ပေးလိုက်သည်။

ပြီးတော့မှ အေးမြမှုကြောင့် ရဲတွတ်နေတဲ့ ညီငယ်လေးရဲ့ နီရဲရဲ နှခေါင်းထိပ်လေးကို ဆွဲညစ်လိုက်ပြီး......

"ကိုကိုတို့ အိမ်ကို လမ်းလျှောက်ပြန်ကြမလား........''

သူ့စကားကြောင့် အငယ်ကောင်လေးက ယုန်သွားသေးသေးလေးနှစ်ချောင်ကို ပေါ်အောင်ရယ်ပြရင်းမှ ခေါင်းညိတ်သည်။

"အင်း.....''

အကြီးကောင်လေးက အငယ်ကောင်လေးလက်ကို ဆွဲကိုင်လိုက်သည်။

လက်တွဲကာ နှင့်ဖွဲဖွဲကျနေတဲ့ လမ်းလေးကို လျှောက်လှမ်းသွားကြတဲ့ ညီအစ်ကိုနှစ်ယောက်။

Two BrothersWhere stories live. Discover now