ဘယ်အချိန်က ဘယ်လို စတင်ခဲ့မှန်းပင် မသိ .. ကျွန်တော်၏ ဖြစ်တည်မှုကို ကျွန်တော် မသိပါ။ အခုထိလည်း မသိသေးပေ။ ကျွန်တော့်ဘေးနားမှ ကျွန်တော်ချစ်သောသူများသည် ကျွန်တော့်တစ်ယောက်တည်း ချန်ထားကာ အသီးသီးထွက်သွားခဲ့ကြသည်။ ကျွန်တော်သည် ဒီရုပ် ဒီရည် မပြောင်းလဲပဲ တစ်နေရာတည်းမှာ တည်ရှိနေဆဲပင်။
ကျွန်တော့်အကြောင်း သိခဲ့သူများထဲမှ တော်တော်များများသည် ကျွန်တော့်အား မကောင်းဆိုးဝါးဟု သမုတ်ကြသည်။ ယခုအချိန်တွင်တော့ သူတို့အားလုံး သေဆုံးသွားကြပြီးဖြစ်သည်။ သို့ရာတွင် ကျွန်တော်ကား မသေနိုင်သေးပင်။
ကျွန်တော့်အတွက် ဘုရားသခင်က ပေးတဲ့ ပြစ်ဒဏ်လား။ ဆုလာဒ်လား။ မသိသော ရုပ်ရည်မပြောင်းလဲကာ သေဆုံးခြင်း မရှိသော အဖြစ်ကြောင့် ကျွန်တော့်ဘဝမှန် လူတကာ မသိရအောင် နေရာပေါင်းစုံ ရွေ့ကာ နေထိုင်နေရသည်။ နာမည်ပေါင်းစုံဖြင့် နိုင်ငံပေါင်းစုံတွင် ပြောင်းရွေ့နေနေရခြင်းသည် ကျွန်တော့်အတွက် အသားကျနေသော ဖြစ်တည်မှု တစ်ခုဖြစ်လာပေသည်။
ကျွန်တော်သည် လူသားဖြစ်သည်။ ဤတစ်ခုသည် ကျွန်တော့်အတွက် သေချာသည်။ မွေးကာစမှ စကာ .. ထိုအဖြစ်အပျက် မတိုင်ခင်အထိ ကျွန်တော်သည် တစ်ခုခု ထိခိုက်မိသော ဒဏ်ရာရစမြဲ .. ချောလဲရင်လည်း သွေးထွက်ကာ အနာဖြစ်စမြဲပင်။ ပြောင်းလဲမှု စတင်ခဲ့သည့်နေ့သည် ကျွန်တော့် အသက် ၁၆နှစ် ပြည့်သည့်နေ့က ဖြစ်သည်။ ပြေးလာသော ခါးပိုက်နှိုက် တစ်ယောက်အား ရှေ့မှ တားဆီးလိုက်သလို ဖြစ်သွားကာ ရှောင်တိမ်းချိန်ပင် မရှိလိုက်ပဲ ကျွန်တော် ဓားဒဏ်ရာ ရရှိကာ ဆေးရုံ၌ ဆယ်ရက်ကြာလောက် လှဲလှောင်းခဲ့ရသည်။
ထိုအဖြစ်အပျက်၏ နောက်ပိုင်းတွင်တော့ ကျွန်တော်သည် ဗိုက်တွင် ရှိနေသော ဓားဒဏ်ရာမှ လွဲကာ ကျန်သည့်မည့်သည့်ဒဏ်ရာမဆို ရရှိခဲ့ပါက အမာရွတ်ပင် မကျန် တန်းပျောက်သွားတော့လေသည်။ ရုပ်ရည်သည်လည်း ၁၆နှစ်သား အရွယ်ထက်ပင် ပို၍ တက်မလာတော့သည်မှာ အခု ကျွန်တော့်အသက် ၂၅၀ပြည့်သည်အထိပင်ဖြစ်သည်။
ကျွန်တော် .. တကယ်တော့ ဒီဘဝ၌ နေရာခြင်းကို မပျော်ပါ။ သံယောဇဉ်ရှိမိသူတိုင်းသည် ကျွန်တော်အား ချန်ထားကာ အမြဲထွက်သွားကြသည်။ ကျွန်တော်ကတော့ အမြဲ တစ်နေရာတည်း၌ပင် အမှတ်တရများဖြင့် ကျန်ခဲ့ရလေသည်။ ထို့နောက်တွင်တော့ ကျွန်တော် အမှတ်တရများကို ကြောက်လာသည်။ လိုလည်းမလိုအပ်တော့ပေ။
သာမန်လူများ၏ အသက် ၁၆လောက်မှ စကာ အသက် ၂၅ကျော်လောက် ရောက်သည် အထိ နိုင်ငံတစ်ခုတွင် ကျွန်တော် အခြေချသည်။ ထို့နောက် နောက်တစ်နေရာသို့ ထိုနည်းအတိုင်း ဆက်လက် ပြောင်းရွေ့သည်။ ထိုသို့ ရှင်သန်နေချိန်အတွင်း ကျွန်တော် မတူညီသော အလုပ်များကို လုပ်ကိုင်ရန် ကြိုးပမ်းကြည့်သည်။ ယခုအချိန်တွင်တော့ ကျွန်တော်သည် Canadaဆိုသည့် နိုင်ငံမှ စွန့်ခွာက ကျွန်တော့်၏ ဘဝအစစ်အမှန်ရှိခဲ့သည့် Koreaတွင် တဖန် ပြန်လာနေမှာ ဖြစ်သည်။
James Minဆိုသည့် သူ၏ ဈာပနပွဲတွင်တော့ လူအများသည် ဝမ်းနည်းသင့် အမူအရာများဖြင့် ရှိနေကြသည်။ ကျွန်တော် သူတို့အား ကြည့်ကာ ရယ်လိုက်မိတော့သည်။ ထိုဘဝနှင့် ပတ်သတ်ကာ အထူးအခြား အမှတ်ရစရာများ ရှိမနေပါ။ ထို့နောက် ကျွန်တော့် လက်ထဲက Passportကို ငုံကြည့်လိုက်သည်။
Name - Kim Min Seok
Age - .......ထို့နောက် ကျွန်တော် ဘဝသစ်တစ်ခု စတင်ရမည့် Koreaကို ရောက်ရန်အတွက် လေဆိပ်ကို ဦးတည်သွားလိုက်ပါတော့သည်။
#Kim Min Seok
YOU ARE READING
Walk on memories
Mystery / Thrillerတွေ့ကြုံခဲ့သည့် အဖြစ်အပျက်များကို အမှတ်တရအဖြစ် ယူဆရသည်ကို အပိုဟု ယူဆသောသူ နှစ်ယောက် တွေ့ဆုံကြသောအခါ .. သူတို့နှစ်ယောက်ကြား အမှတ်တရများသည် မေ့ပျောက်သွားရန် မလွယ်ကူကြောင်း တဖြည်းဖြည်း သိရှိလာသည့်အခါ .. Hope you Enjoy 💗 #KimJongDae #KimMinSeok