ခြေလှမ်း (၆)
Jong Daeတစ်ယောက် ဝယ်စရာ ရှိတာများ ဝယ်ပြီး ပြန်လာသော လမ်းတွင် တစ်ကိုယ်လုံး လေပေါ် မြောက်တက်နေသလို ခံစားလိုက်ရသည်။ အကြောင်းအရင်းများမှာ
နံပါတ် ၁ အချက် - ဆိုင်ရှင်သည် သူ့အား မမှတ်မိပေ။
နံပါတ် ၂ - သူသည် အရင်ကလို ခိုးကြောင်ခိုးဝှက် မဟုတ်သောနည်းဖြင့် ပထမဆုံး ဈေးဝယ်ခဲ့ဖူးခြင်းကြောင့်ပင်။
ရုတ်တရက် ရရှိလာသော ကံကောင်းမှုများကြား မပျော်ပါဟု ပြောလျှင် လိမ်ညာရာကျနေတော့မည်။ သူပျော်ပါသည်။ ဒါ ခဏတာ အိပ်မက် ဖြစ်နေခဲ့မှာကိုပင် ကြောက်သွားသည်အထိကို သူပျော်နေပါတော့သည်။
ထို့နောက်တွင်တော့ Jong Daeတစ်ယောက် ခုန်ပေါက်ကာ သူ၏ Min Hyungစောင့်နေမည့် နေရာသို့ အမြန်သွားလိုက်လေတော့သည်။
~°•°~
" ပြန်ရောက်ပါပြီ။ "
အသံကျယ်ကျယ် အော်ကာ ဝင်လာတော့ Min Hyungအား ကော်ဖီဖျော်နည်း သင်ပြနေသော Han Nul Hyungသည် ပြုံးကာ လှည့်ကြည့်၍ အသိအမှတ်ပြုည်။ သို့ရာတွင် မျှော်လင့်ခဲ့သော Min Hyung၏ အကြည့်တော့ ကျရောက်မလာခဲ့။ အလုပ်ရှုပ်နေသောကြောင့်ဟု စိတ်ထဲ တွေးလိုက်ကာ ဝယ်လာသည့် ပစ္စည်းများကိုသာ Hyungတို့ဆီ သွားပေးရန် လုပ်လိုက်သည်။
" အော် Dae ပြန်ရောက်ပြီလား။ "
လက်ထဲတွင်ကိုင်ထားသော အိုးထဲမှ ကော်ဖီများ စားပွဲပေါ်တွင် ချထားသော ခွက်ထဲသို့ သေသေသပ်သပ်ရောက်သွားသည့်အခါမှ Jong Daeအား သတိထားမိသလိုဖြင့် မေးလာလေသည်။
" ဟုတ် .. ကျွန် .. "
" ဒါလေး သောက်ကြည့် "
မျက်နှာရှေ့ ရုတ်တရက် ရောက်လာသော ကော်ဖီခွက် .. အရသာ ရှိရဲ့လား သိချင်နေသော မျက်လုံး၏ အရောင်များ ..
မျက်နှာများ ပူလာသလိုပင် ခံစားလိုက်ရသောကြောင့် မျက်နှာရှေ့ ရှိနေသော ကော်ဖီအား အာရုံစိုက်ကာ မျိုချလိုက်မိတော့သည်။
YOU ARE READING
Walk on memories
Mystery / Thrillerတွေ့ကြုံခဲ့သည့် အဖြစ်အပျက်များကို အမှတ်တရအဖြစ် ယူဆရသည်ကို အပိုဟု ယူဆသောသူ နှစ်ယောက် တွေ့ဆုံကြသောအခါ .. သူတို့နှစ်ယောက်ကြား အမှတ်တရများသည် မေ့ပျောက်သွားရန် မလွယ်ကူကြောင်း တဖြည်းဖြည်း သိရှိလာသည့်အခါ .. Hope you Enjoy 💗 #KimJongDae #KimMinSeok