Step 3

241 44 13
                                    

ခြေလှမ်း (၃)

Min Seokတစ်ယောက် သူ့၏ အိမ်ထဲကို ဒေါသတကြီး ဝင်သွားတော့သည်။ အကြောင်းမှာ ဘယ်ပျောက်သွားမှန်း မသိသော ဆိုင်ရှင်ကြောင့် သူ နာရီဝက်ကြာအောင် မတ်တပ်ရပ်ကာ စောင့်လိုက်ရသောကြောင့်ပင်။

* ငါသာ သူခိုးဆို ရှိသမျှ ပစ္စည်း အကုန်ပါသွားလောက်ပြီ။ *

Min Seok သူ၏ ဒေါသကို အတတ်နိုင်ဆုံး လျှော့ချလိုက်ရင်း ဝယ်လာသော စားစရာ ပစ္စည်းများ နေရာချလိုက်တော့သည်။

မနက်စာ မစားရသေးသော်လည်း အချိန်အားဖြင့် နေလည် ၁၁နာရီနားပင် နီးကပ်နေသောကြောင့် အလကားရသည့် ရေကိုသာ လှိမ့်သောက်နေလိုက်တော့သည်။

အချိန် ၁၁သို့ ညွှန်အပြ အိမ်ပေါက်ဝမှ Bellသံ ဆူညံလာတော့သည်။ Min Seokလည်း သူ့ ဘေးမှ coatအင်္ကျီကို ဆွဲကာ အပြင်သို့ လျှောက်သွားလိုက်တော့သည်။ သူ့စိတ်ထဲမှလည်း တော်တော် အချိန်တိကျတဲ့ Guideဟု ချီးကျူးမိလိုက်သေးသည်။ ထို့နောက် Min Seok ထိုGuideဖြစ်သူ၏ ကားပေါ်၌ တက်ကာ လိုက်ပါသွားတော့သည်။

အကြာကြီး မသွားလိုက်ရ .. ငါးမိနစ်လောက် အကြာတွင် သူတို့ စားသောက်ဆိုင် တစ်ဆိုင်ရှေ့သို့ ရောက်သွားခဲ့လေသည်။ အစကတည်းက မနက်စာ မစားရသေးသည့်အတွက်ကြောင့် ကြိုတင်မှာထားသော အစားအစာများကို မြင်လိုက်ရသောအခါ Min Seokတစ်ယောက် အရမ်း ဝမ်းသာသွားတော့သည်။

စားသောက်နေရင်း စကားပြောသည်ကို မကြိုက်သော်လည်း ထိုGuideဆိုသူကို သူ စကားဆက်မပြောအောင် မလုပ်နိုင်ပေ။ ထို့ကြောင့် Min Seokမှာ စားနေရင်း နားထောင်နေရသည့်အတွက် စားရသည်မှာ အရသာ မရှိသလိုပင် ဖြစ်လာသည်။ ဗိုက်လည်း အနည်းငယ် ပြည့်သွားပြီ ဖြစ်သည့်အတွက် Min Seokတစ်ယောက် Guideရဲ့ တစ်ယောက်တည်း ပြောနေရသော စကားဝိုင်းထဲကို အနည်းငယ် ဝင်ရောက်လိုက်တော့သည်။

" Hyung .. ကျွန်တော် Coffeeဆိုင်လို ပုံစံမျိုးလေး ဖွင့်ချင်တာ။ အာ့ ဆိုင်ခန်း ကူရှာပေးလို့ ရမလား။ "

" Min Seokက ငယ်ငယ်လေးပဲ ရှိသေးတာ .. ကျောင်းဆက်မတက်တော့ဘူးလား။ "

" တက်မှာပေါ့။Hyungရ.. ဒါပေမယ့် တစ်ဖက်ကလည်း စီးပွားရေး လုပ်ထားချင်လို့ "

Walk on memoriesWhere stories live. Discover now