Step 2

241 44 16
                                    

ခြေလှမ်း (၂) ..

ဒီနေ့ ကျွန်တော် ထုံးစံအတိုင်း အစောကြီး နိုးလာခဲ့တယ်။ အစောကြီးနိုးလာလို့ ဘာအကျိုးကျေးဇူးရလဲဆိုတော့ အထူးအခြား ထောက်ပြစရာတော့ မရှိ။ ဒီတိုင်း ခြေဦးတည့်ရာ လျှောက်၍ သွားမည်။

ဆိုင်ရှင် လစ်သည်နှင့် ကြုံသော အချိန်များတွင် တစ်နေ့စာအတွက် အနည်းငယ် ဝင်ရောက်စုဆောင်းသွားတာမျိုး လုပ်မည်။ အကယ်၍ သူတို့ မိသွားသော အခါတွင်လည်း ပိုက်ဆံမကုန်သည့် သွေးပူလေ့ကျင့်ခန်းဖြစ်သည့် ပြေးခြင်းကို ပျော်ပျော်ကြီး ပြုလုပ်မည်။

ဘဝက နေတတ်ပါက ပျော်စရာတော့ ကောင်းလှပါသည်။ မဟုတ်ပါလော။

ဒီနေ့တော့ ကျွန်တော် သွားနေကြ လမ်းများအား မသွားဖြစ်ခဲ့။ မနေ့တစ်နေ့ကမှ ထိုလမ်းပေါ်မှ ဆိုင်ရှင်သည် သူ့အား တွေ့ပါက အသေသတ်မယ်ဟု ကြိမ်းဝါးထားသည် မဟုတ်ပါလော။ အနည်းဆုံး တစ်ပတ်လောက်တော့ ထိုလမ်းအား ရှောင်ကြဉ်ကာမှ တော်ကာ ကြပေမယ်။ ကိုယ်သေရင် ငိုမယ့်သူ မရှိဆိုသော်ငြား ကိုယ့်အသက်ကိုတော့ နှမျောမိသည်။ ၁၀နှစ်အား ကျော်လွန်သော အချိန်တစ်ခု၌ ကျွန်တော့်ဘဝလည်း ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလော။

" ဒီနေ့တော့ ဒီလမ်း .. "

လမ်းဆုံ တစ်ခု၌ ရပ်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်လျက် .. ရုတ်တရက် ရပ်လိုက်ကာ .. သူ မျက်နှာချင်းဆိုင်မိသည့် လမ်းကို သူ ဖြည်းဖြည်းချင်း လျှောက်သွားမိတော့သည်။

ဒီလမ်းဆို၍ မနေ့ကလည်း ဒီလမ်းကို ရောက်ဖြစ်ခဲ့သည်။ လူတစ်ယောက်နှင့်လည်း တိုက်မိခဲ့သေးသည်။ သိပ်ဂရုစိုက်ချင်စဖွယ် မရှိသော နေရာတစ်ခုသို့ ဘယ်သူမှန်း မသိသော လူတစ်ယောက်ပြောင်းလာခြင်းပင် ဖြစ်မည်။ ထိုဦးလေးကြီးကတော့ ကြင်နာလှသည်။ ထိုအိမ်ပိုင်ရှင်ကိုတော့ ကျွန်တော်မသိ။

တစ်ခါမှ အရေးတယူ မပြုဖူးသော လူများအကြောင်းတွေးတောနေမိခြင်းသည် ကျွန်တော့်ကိုကျွန်တော် အံ့ဩမှုဖြစ်စေသည်။

" ထူးထူးဆန်းဆန်းပါလား။ "

ထို့နောက် သူလည်း ထို အိမ်ရှေ့၌ ရပ်ကာ တွေးနေခြင်းကို ရပ်လိုက်ပြီး တစ်ရွေ့ရွေ့ ထွက်သွားလိုက်တော့သည်။

Walk on memoriesWhere stories live. Discover now