ကျွန်တော်ရပ်နေသည့်မှတ်တိုင်မှဆိုလျင် တည့်တည့်ထင်းထင်းရှင်းရှင်းလင်းလင်းကြီးမြင်နေရသည့် 24 hours ဆိုင်ကလေး ။ အဝါရောင်နံရံများဖြင့် ဆိုင်ကလေး၏အတွင်းဘက်တွင်တော့ အရောင်းစင်များ၏ဟိုးတစ်ဖက် ကာတွန်းစာအုပ်များထားသည့်အခြမ်းတွင် ။ စင်တစ်ဖက်စွန်းမှဒီဘက် တစ်ဖက်စွန်းရောက်သည်အထိ စာအုပ်များကိုတစ်အုပ်ချင်းလှန်လှောကြည့်ကာ တလှမ်းချင်းရွေ့လာသည့်လူတစ်ယောက်ရှိနေသည် ။
တစ်ချက်တစ်ချက်သူနဲ့အတူစာအုပ်ကြည့်နေသည့် ငါးနှစ်ခြောက်နှစ်သားကောင်လေးတွေဆီကို ငုံ့ကာကိုင်းကာဆွေးနွေးငြင်းခုံလျက် ။
အတော်အရေးပါတဲ့အလုပ်တွေလုပ်နေကြတာ . .
ဘေးနားကဖြတ်သွားနေသည့်လူတွေမပြတ်သည့်နေရာမို့ တစ်ယောက်ထဲပြုံးစိစိမဖြစ်နေဖို့အတတ်နိုင်ဆုံး ကြိုးစားနေပေသည့် ချစ်စနိုးပြုံးရယ်ပစ်ချင်နေတဲ့ ကျွန်တော့်နှုတ်ခမ်းတွေကဆွဲထားလို့မရ ။
လေတစိမ့်စိမ့်သွေးနေတဲ့အမိုးအကာမရှိ မှတ်တိုင်လေးတစ်ခုမှာရပ်နေရင်းကပဲ ရင်တစ်ခုလုံးတသိမ့်သိမ့်နွေးခါလှုပ်ရှားလို့ ။
သိလား Luhan . . လူပုံပန်းတောင်ကောင်းကောင်းမသည်းကွဲတဲ့ အဝေးကအရိပ်ကလေးပေမယ့် အဲ့ဒါ ခင်ဗျားပဲလို့တွေးလိုက်မိရင် . . .
ဘယ်သွားမယ် ဘယ်လာမယ် ရည်ရွယ်ရာရှိပုံမပေါ်ပဲ ဆိုင်ထဲကထွက်လာပြန်သည့်နောက်လည်း ဦးတည့်သလိုလှမ်းနေသည့်ခြေလှမ်းတွေ ။
ငါးမိနစ်လောက်ရှေ့ဆက်ပြီးသည့်အခါ မသိသာလောက်သည့်အကွာအဝေး ဖြစ်သည့်တိုင် အငွေ့အသက်တစ်ခုခုခံစားမိသလို သင်ကာမကင်းလှည့်ကြည့်တတ်သော မျက်ဝန်းများ ။
ခံစားရလား Hyung . . . ခင်ဗျားအနားမှာရှိနေရင် မမြင်ရပဲနဲ့တောင်ကျွန်တော်ခံစားလို့ရသလို ကျွန်တော့်အရိပ်အငွေ့လေးတစ်ခုခုများ . . Hyung ခံစားလို့ရလား ။
'' Hyung . . ''
အသံခပ်ကျယ်ကျယ်နှင့်နှုတ်ခွန်းဆက်၍ ကိုယ်ထင်ပြသောအခါ၌လည်း အပြုံးအရယ်မရှိသောနှုတ်ခမ်းများက တင်းစေ့လျက် ။
YOU ARE READING
[ပထမ]ကြယ်ပုံပြင် ||HunHan OTP Completed||
Fanfictionကြယ်တွေအပြည့်ရေးဆွဲထားတဲ့ကောင်းကင်. . သူတို့တစ်ခုချင်းဆီမှာ ပုံပြင်တစ်ခုစီရှိကြတယ်တဲ့ မင်းရဲ့ပုံပြင်ကကော. .