Story ❇07❇

3K 409 15
                                    

သတ္တုလက်ကိုင်ကွင်းတပ်သော မှန်တံခါးချပ်ထူထူကို ကျွန်တော်တွန်းဖွင့်လိုက်သည် ။ မှန်ကပဲထူလွန်းသလား ။ ကျွန်တော်ကပဲဖျော့တော့လွန်းသည်လား ။ အလွန်အမင်းအားစိုက်နေရသည်နှင့်တူနေသည် ။ နောက်ဆုံးတော့လည်း မည်မျှတွန့်ဆုတ်နေမိသည်ဖြစ်စေ ။ ကျွန်တော်ဆိုင်တွင်းသို့ခြေချဖြစ်ခဲ့ရပြီ ။

တစောင်းသိုင်းလွယ်ထားသည့် Jungle အိတ်ဝါညိုညို၏ကြိုးကိုခပ်တင်းတင်းဆုပ်ကာ စားပွဲဝိုင်းအသီးသီးကိုဝေ့ဝဲရှာဖွေနေဆဲ ။

'' luhan . . ဟေ့ . . ငါတို့ဒီမှာ . . ''

မတ်တပ်ထရပ်လျက် လက်မြှောက်ပြလာသူတစ်ဦး ။ ပြန်၍လက်မြှောက်ပြကာ စိတ်သက်သာရာရခြင်းတဝက် တဖက်ကတစ်မျိုးတိုးလာသော ကြောင့်ကြခြင်းတစ်ဖက်ဖြင့် ကျွန်တော် ထိုစားပွဲဝိုင်းသို့ဦးတည်ခဲ့သည် ။

'' လာ . . luhan . . ငါတို့လဲ ခုပဲရောက်တာ . . ထိုင် . . ဘာသောက်မလဲ . . စားဖို့တော့အေးဆေးပေါ့ စောသေးတယ်ထင်လို့လေ . . ''

'' အင်း ကောင်းပါတယ် . . ငါလည်းမစားချင်သေးပါဘူး ''

တမင်တကာဖယ်ချန်ထားပေးဟန်တူသည့် အလယ်ကျလုနီးထိုင်ခုံတွင် ခပ်ဖြည်းဖြည်းဝင်ထိုင်ရင်း အခြေအနေကိုမည်သို့တုန့်ပြန်ရမည်ကိုကျွန်တော်စဉ်းစားမရ ။

'' မတွေ့ရတာကြာလို့လေကွာ . . ကျောင်းတွေပြီးကတည်းက ငါတို့တွေဝေးကုန်တာ . .luhan မင်းနဲ့ကပိုဆိုးသေးတယ် လေးနှစ်နီးပါးတောင်ရှိပြီလားပဲ . . မင်းကကျောင်းတက်နေရင်းတန်းလန်းကိုပျောက်သွားတာကိုး ''

ရေခဲတုံးကလေးများမျောနေသည့် ကီဝီသီးဖျော်ရည်ဖန်ခွက်ကို လှုပ်ခါရင်းပြုံးပြရုံသာ ။ ခဏတာသာ ကျွန်တော့်ဆီအာရုံရောက်လိုက်ကြသော စကားဝိုင်းသည် ချက်ချင်းလိုလိုနဂိုမူလပုံစံအတိုင်း ဆူညံအသက်ဝင်လျက် ရယ်သံမောသံများဖြင့် ။

အနည်းငယ် စိတ်တင်းကျပ်မှုလျော့ပါးစပြုလာသလိုရှိသဖြင့် ခုံနောက်မှီသို့ကိုယ်ကိုအနည်းငယ်ဖြေလျော့ထို်င်ရင်း ငြင်းခုံအော်ဟစ်နေကြသောလူများကို ကျွန်တော်ငေးနေမိသည် ။

ဒါ . . ကျွန်တော့်ရဲ့ သူငယ်ချင်းတွေပေါ့ . . တချိန်က . . အရာအားလုံးထက်ပိုပြီး ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ သူတွေ . . မျက်နှာချင်းဆိုင်မိတာနဲ့ အသံတိတ်နေလို့မရတဲ့ ပေါင်းသင်းဆက်ဆံရေးတွေထဲ ကျွန်တော်ကိုယ်တိုင်အချိန်ကြာမြင့်စွာစီးမျောလိုက်ပါခဲ့ဖူးတာပဲကို . .

[ပထမ]ကြယ်ပုံပြင် ||HunHan OTP Completed||Where stories live. Discover now