Story ❇11❇

2.8K 378 74
                                    

'' Luhan . . luhan . . ဟေ့ . . ''

ကျွန်တော့်ပါးတစ်ဖက်အားငြင်သာစွာပုတ်ခတ်နေသောအထိအတွေ့ ။ မျက်လုံးအဖွင့်မှာ ရွဲ့စောင်းနေသောလောကကြောင့် စားပွဲပေါ်ခေါင်းတင်အိပ်နေရာမှထဖို့ကြိုးစားမိသည့်အခါ ကျွန်တော့်လည်ပင်းမှမျက်ကနဲ ။

Se. . hun လား . . .

အနည်းငယ်ပို၍ကြည်လင်လာသည့်အမြင်မှာ ကျွန်တော့်ကိုငုံ့မိုးကြည့်နေသည့်မျက်နှာတစ်ခု ။

'' Jungjin . . ''

'' အင်း . . ငါလေ . . အဆင်ပြေရဲ့လား . . ''

လည်ပင်းကိုနှိပ်ရင်းကျွန်တော်ခေါင်းယမ်းပြမိသည် ။ ပတ်ဝန်းကျင်ကိုတစ်ချက်ငဲ့ကြည့်မိတော့ ကျွန်တော်ရောက်နေသည်က ဘားဆိုင်တစ်ခု၏ ချောင်ကျကျစားပွဲတစ်နေရာ ။ လှုပ်ခတ်သောမီးရောင်စုံတို့နှင့် ဆူညံသော DJ သံတို့မရှိသည့်လူကြီးလူကောင်းဆန်သော အမူးသမားတို့အတွက်နေရာတွင် ကျွန်တော့်အားဂရုထားအမှုရှာမည့်သူမရှိပဲ လွတ်လပ်စွာအိပ်ပျော်နေခဲ့ဟန်တူသည် ။

ချာချာလည်ကာ ကွက်လပ်ဖြစ်နေသော ခေါင်းထဲအကြောင်းအရာတို့ရေးရေးပေါ်လာသည် ။ ကျွန်တော်ဒီကို Jungjin နှင့်အတူရောက်လာခဲ့သည်ပဲ ။

တခွက်ပြီးတစ်ခွက်ငှဲ့ရင်း ဘယ်နှစ်ခွက်မြောက်မှန်းမရေနိုင် တော့သည့်အချိန်မှာ ကျွန်တော်အရာအားလုံးကိုမေ့သွားခဲ့သည် ။

အဆုံးထိ . . ဘာကိုမှပြန်သတိမရနိုင်တော့ရင်လဲ ကောင်းသား . . ။

ဆုတောင်းမပြည့်စွာပင် တရိပ်ရိပ်မူးဝေနေသည့် အာရုံမှာပင်ရုပ်ရှင်ပြကွက်လိုတစ်ခုပြီးတစ်ခုပြန်ပေါ်လာခဲ့သည့် ။

ပြေးသလောက်နီးပါးမြန်သောခြေလှမ်းဖြင့် ရှေ့မှသွားနေ
သောမိန်းကလေးကို နောက်ကပါလာသည့်ကောင်လေးက အသည်းအသန်ဖြေရှင်းချော့မော့နေဟန် . . ရှေ့ဆက်မသွားဖို့တောင်းဆိုနေဟန် လက်ကိုလိုက်ဆွဲနေသည့် မြင်ကွင်း . . ။
.
.
.

ဒါ . . . ဘယ်လိုကျိန်စာသင့်တဲ့ တိုက်ဆိုင်မှုမျိုးပါလိမ့် ။ ဒီနေ့သာကျွန်တော်အပြင်မထွက်ဖြစ်ခဲ့လျင် ။ Jungjin နှင့်သာမတွေ့ဖြစ်လျင် ။ သူခေါ်သည့်ကော်ဖီဆိုင်ကိုသာမလိုက်ဖြစ်လျင် ။

[ပထမ]ကြယ်ပုံပြင် ||HunHan OTP Completed||Where stories live. Discover now