1995 April 5
" ကိုမြင့်မိုရ် ကိုမြင့်မိုရ်ရေ ထပါဦး ဒီမှာဗိုက်နာနေလို့ မွေးတော့မလားမသိဘူး "ဒေါ်နှင်းမှုံ တစ်ယောက် ဘေးနားမှာ အိပ်နေသော လင်ယောကျာ်းဖြစ်သူကို တစ်ဖတ်ဖတ် ရိုက်ပြီး ပါးစပ်ကလဲ ပြောရင်းနှိုးလိုက်မိသည်
" အင်း.....နာပြန်ပြီလား မှုံရ အရင်ကလိုပဲ ဗိုက်ထဲကကလေး ကန်တာနေမှာပေါ့ "
အိပ်ရာမှ လူးလဲထရင်း ဗိုက်ကိုလက်နဲ့ဖိကာ အော်နေသော ဒေါ်နှင်းမှုံကိုအားပေးလိုက်သည်
" မဟုတ်ဘူး အခုတော်တော်နာနေတာ အာ့ နာပြန်ပြီ အား...နာတယ် နာတယ် သေချာပြီမွေးတော့မှာ "
မျက်စိမှိတ်ကာအော်ဟစ်နေသော ဒေါ်နှင်းမှုံကြောင့် ဦးမြင့်မိုရ်တစ်ယောက် ဗျာများသွားသည် အရင်အခေါက်တွေ တကယ်မမွေးဘဲဗိုက်နာတုန်းကတော့ ဆေးရုံက ဆရာဝန်ကို ဖုန်းဆက်ခေါ်လိုခေါ် အသိ သူနာပြုဆရာမလေးကိုလဲ အတင်းခေါ်ပြီး ဆေးရုံပို့လိုပို့နဲ့ အခုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်
" ဘာလုပ်နေတာလဲ ကိုမြင့်မိုရ်ရဲ့ နာပါတယ်ဆိုနေမှမမအေးကိုသွားခေါ်ပေး ဆေးရုံသွားရအောင် ဆရာဝန်ကိုလဲ ph ဆက်ထား သွား "
" အေး အေး "
ဦးမြင့်မိုရ် ကုတင်ပေါ်မှ ခုန်ဆင်းကာ အပေါ်ထပ်တွင်ရှိသော ဒေါ်နှင်းမှုံအစ်မဒေါ်နှင်းအေး အခန်းရှိရာဆီသို့ ပြေးတက်ရတော့သည်
ဒုန်း ဒုန်း ဒုန်း !!!" မမအေးရေ ထပါဦးဗျ ကျွန်တော်မိန်းမ ကလေးမွေးတော့မယ်တဲ့ "
လူကြီးဖြစ်၍ အအိပ်ဆက်သော ဒေါ်နှင်းအေးလဲ ချက်ချင်းပြင် ကောက်ထပြီး လိုအပ်သမျှတွေပြင်ဆင်လိုက်သည်
" အေး ငါ နှိုးပြီ မောင်မြင့်မိုရ်ရေ ဆေးရုံကို ph ဆက်ထားလိုက် ငါ မီးဖွားဖို့ လိုတာတွေယူဦးမယ် "
ဆေးရုံကို ph ဆက်မလို့ နံပါတ်နှိပ်တုန်းပဲရှိသေး ဒေါ်နှင်းအေး ပြေးဆင်းလာသည်
YOU ARE READING
My chaos
Teen Fiction" မင်းဘာဖြစ်နေနေ ငါဂရုမစိုက်ဘူး ငါ့ကိုပြန်ချစ်ဖို့လဲ မမျှော်လင့်ဘူး ဒီအတိုင်းပဲ ငါမင်းကိုချစ်နေရရင်ရပြီ" မိုးထက်မြင့်မိုရ် " ဂိုဂို ဘာလုပ်လုပ် ငါကာကွယ်ပေးမယ် ဂိုဂို့ကိုနင်ထိခိုက်အောင်လုပ်ရင် ငါ့ရန်သူပဲ " မေနှင်းမြင့်မိုရ် " လှည့်စားတာတော့မဟုတ်ဘူး...