ကျောင်းစဖွင့်တဲ့ရက်မလို့ စာသင်ခန်းထဲလူသိပ်မရှိကြလို့ လူကခပ်ရှင်းရှင်း
ဆရာတွေကလဲ သင်တဲ့သူကသင်မသင်တဲ့အချိန်ကမသင်ဆိုတော့ အားနေသည်
သူများတွေဘယ်လောက်ရှုပ်ရှုပ် ဂိုဂိုကတော့ ရှင်းသည်
အားနေရင် အခန်းထဲသူ့ခုံမှာပဲထိုင်ပြီးအိပ်သည်
မအိပ်ရင် game ဆော့သည် စာအုပ်ဖတ်သည်
မင်းနေလင်းကတော့ auto EC ရာထူးခံယူကာ သူ့လောက်အလုပ်များတာသူပဲမလို့ ဂိုဂို့နားလဲ အမြဲမရှိ
အခုလဲ ဆရာမ မဝင်တဲ့ စာသင်ချိန်မလို့ ဂိုဂိုအိပ်နေသည်" ဂိုဂို...ထ ကန်တင်းသွားမယ် "
" အေး မင်းမလာလို့ စောင့်ရင်းအိပ်နေတာလေ "
" ပြီးရော သွားမယ် လာ "
လွယ်အိတ်တွေယူပြီး အခန်းအပြင်ကိုအထွက် department of architecture ဆိုတဲ့ ဆိုင်းဘုတ်ရှေ့ တံခါးအပြင်မှာ ရပ်နေတဲ့ ပုံရိပ်ကိုမြင်ပြီး ဂိုဂို ခြောက်ခြားသွားသည်
" ဟာ...ယုန်ပေါက်လေး ထင်တော့ထင်သား ဒီမှာပါလို့ မနက်ထဲကစောင့်နေတာ "
" ဇွဲကောင်းခန့်..."
ဇွဲကောင်းခန့်ဝတ်ထားသော ပုံစံကိုကြည့်ပြီးပိုခြောက်ခြားသွားသည်
သူတို့ uniform ကြီး
" မင်းက ဘယ်လိုလုပ်ထက်ရောက်လာလဲ ရောက်လာလဲ ကြို ဖုန်းဆက်လေ "
" မင်းတို့ ဖုန်းနံပါတ်မှမရှိတာ "
" အေး အခု ကန်တင်းသွားမလို့ ကန်တင်းရောက်ရင်ပေးမယ် "
" ဟုတ်ပြီ "
ပနံသင့်နေသော မင်းနေလင်းနဲ့ ဇွဲကောင်းခန့် နှစ်ကောင်ကိုကြည့်ပြီး ဂိုဂို ပါးချချင်လာသည်
နေပါဦး ပါးချတာ manly မဆန်ဘူး manly ဆန်အောင် ထိုးရမှာ
ကန်တင်းရောက်တော့...
" ငါကျောင်းပြောင်းလာတာလေ ကွန်ပျူတာ တက္ကသိုလ်ကနေ ဒီမှာပဲတက်တော့မှာ archi ပဲယူထားတယ် မင်းတို့နဲ့တစ်ခန်းထဲပဲ "
အင်.....
" ကောင်းတာပေါ့ ဂိုဂိုလဲအဖော်ရတယ် ငါကEC ဆိုတော့ အတန်းထဲသိပ်မရှိဘူး သူတစ်ယောက်တည်းဖြစ်နေလို့ "
YOU ARE READING
My chaos
Teen Fiction" မင်းဘာဖြစ်နေနေ ငါဂရုမစိုက်ဘူး ငါ့ကိုပြန်ချစ်ဖို့လဲ မမျှော်လင့်ဘူး ဒီအတိုင်းပဲ ငါမင်းကိုချစ်နေရရင်ရပြီ" မိုးထက်မြင့်မိုရ် " ဂိုဂို ဘာလုပ်လုပ် ငါကာကွယ်ပေးမယ် ဂိုဂို့ကိုနင်ထိခိုက်အောင်လုပ်ရင် ငါ့ရန်သူပဲ " မေနှင်းမြင့်မိုရ် " လှည့်စားတာတော့မဟုတ်ဘူး...