Ep 7

1.5K 124 15
                                    

အခြေအနေတွေကတော့ ကောင်းတဲ့ ဘက်မှာရှိနေသည်

ဂွန်းဂွန်းနဲ့ မင်းနေကလဲ အဆင်ပြေသွားသလို
မင်းနေကလဲ အိမ်မှာပဲ အမြဲလိုလို တွေ့နေရသည်

ပါးချိုင့်ထဲ လက်ညိုးထိုးတဲ့ လူကလဲ ဂွန်းဂွန်း တစ်ယောက်တည်းမဟုတ်တော့

မင်းနေပါ ပါလာသည်

ပါးက နှစ်ဖက်ကို တစ်ယောက်တစ်ဖက်စီအားမရလို့ အချင်းချင်းလုနေတာနဲ့ပဲ အလည်ကလူက ဘတ်လဘိုင်လိုက်နေပြီ

ကျွဲနှစ်ကောင်ကြားက မြေစာပင် ဖြစ်ရော

သူတို့နှစ်ယောက်မတည့်တာပဲကောင်းတယ် တည့်နေရင် ငါ့နှိပ်စက်ဖို့ပဲတတ်တယ်

အခုလောလောဆယ်တော့ နှစ်ယောက်သား 77 cake ဘေးဘက်ဆုံးအခြမ်းကိုလုကြရင်းရန်ဖြစ်နေကြသည်

အသံတွေက စာဆက်ဖတ်လို့မရအောင်ကို ဆူညံနေကြတာမို့ ဖတ်လတ်စ မိုးမိုး(အင်းလျား) ရဲ့ ပွင့်တချို့ကြွေတချို့ စာအုပ်ကိုပိတ်ကာ ထိုင်နေကြ သူ့အခန်းဘေးက ခေါင်မိုးပေါ်ကနေ အောက်ထပ်ဧည့်ခန်းထဲဆင်းလာခဲ့သည်

" ငါကဝယ်လာတာလေ ငါယူရမှာပေါ့ "

" နင်က ရန်ကုန်က စားလို့ရတယ် ငါက တစ်ခါတစ်လေမှစားရတာ ငါယူမှာ "

" မရဘူး ငါကနင့်ထက် ၁ နှစ်နဲ့ ၂လကြီးတယ် လူကြီးပြောစကားနားထောင် "

" ဘယ်လောက်ကြီးကြီး အတန်းတူတူပဲ နားမလည်ဘူး "

နားမခံသာတော့လို့ ဂိုဂိုကြားဝင်လိုက်ရသည်

" နေကြပါဦးဟယ် ငါလုပ်ပေးမယ် "

အကြည့်တွေက ဒိုင်းခနဲ ဂိုဂို့ဆီရောက်လာသည်

ကိတ်မုန့်က လေးထောင့်ဆိုတော့ ဘေးက လေးဘက်ပါမည် တစ်ဖက်ထဲလှီးရင်တောင် နှစ်ဘက်ရမည်

တစ်ယောက်တစ်ဘက်ခွဲပေးလိုက်ရုံပဲ
စိတ်ထဲတွက်ပြီး ကြည့်လိုက်တော့ ကိတ်မုန့်က တစ်လက်မပတ်လည် တစ်တုံးထဲသာကျန်တော့သည်

" ဟင် "

" ဒါပဲကျန်တော့တာကို ရန်ဖြစ်နေကြတာလား "

" ငါမဝလို့ သူပဲအများကြီးစားလိုက်တာ "

ဂွန်းဂွန်းက မင်းနေလင်းကို လက်ညိုးထိုးပြီး ဆူပုတ်ကာပြောသည်

My chaos Where stories live. Discover now