" ပင်ပန်းလိုက်တာ ဟူး "
ဂိုဂို စိတ်ပျက်လက်ပျက်နဲ့ ဘေးနားက sofa ပေါ်ထိုင်ချလိုက်သည်
" အေးဟယ် အိမ်အသစ်ပြောင်းတာ ဒီလောက်ပင်ပန်းမှန်းအခုမှပဲ သိတယ် "
ဂွန်းဂွန်းကလဲ အပီအပြင်ထောက်ခံကာ ဂိုဂို့ဘေးနား ပစ်လှဲလိုက်သည်
" အပျင်းတစ် မောင်နှမတွေ အိမ်အသစ်ဆိုတော့ ဒီလောက်တော့ လုပ်ရမှာပဲ သွားတော့ ကိုယ့်အခန်းကိုယ် ပြန်ကြတော့ "
ကြီးမေကြီးက စားပွဲပေါ်မှာ ပန်းအိုးလေးထိုးနေရင်း လှမ်းပြောသည်
" ပင်ပန်းမနေနဲ့ ဒီထက်ပိုပင်ပန်းတာ လာဦးမှာ ဂိုပျင်းနဲ့ ဂွန်းပျင်းရေ "
" ဘာ....."
မင်းနေလင်းပြောတာကြားပြီးပြီးချင်း သံစဉ်က ပြိုင်တူထွက်လာတဲ့ နှစ်ယောက်
" အင်း သင်တန်းတွေ တက်ရမယ်လေ English စာသင်တန်း computer သင်တန်း ပြီးတော့ မင်းတို့ဆီမှာလို အိမ်မှာကွင်းမရှိဘူး တိုက်ဆိုတော့ ကြက်တောင်ရိုက် ရင် အောင်ဆန်းကွင်းသွားဆော့ရမယ် "
အိ...
ဂိုဂိုက မျက်နှာငယ်လေးနဲ့ ဂွန်းဂွန်းကို အားကိုးပြီး လူမိုက်ငှားသလို ကြည့်လိုက်သော်လဲ ဟိုက ဂွန်းဂွန်းမှာလဲ မျော့မျော့သာရှိတော့လို့ ဘာမှပြန်မပြောနိုင်သေး
" နေစမ်းပါဦး မင်းနေရယ် ငါ ရင်ဘတ်ထဲတောင်အောင့်သွားပြီ နင့်အသံကြားပြီး "
ဂွန်းဂွန်းခမျာ အားတင်းပြီး ရင်ဘတ်လေးဖိပြီးပြောရှာတယ်
" အေး ပိုဆိုးသွားအောင် ဆက်ပြောရမယ် တက္ကသိုလ်တက်ဖို့လဲ ရွေးထားကြ "
အင်...
" မင်းနေ ဘာတွေလာပြောနေတာလဲ ငါတို့ကမနေ့ကမှ ရန်ကုန်ရောက်တာကို ဘယ်တက္ကသိုလ် တက်ရမလဲတောင် မရွေးရသေးဘူးဟာကို နောက်မှတက်မယ်လေနော် ဟုတ်ဘူးလား ဂိုဂို ဟီး...ဟီး "
" အင်း ဟုတ်တယ် ဟုတ်တယ် တအားဟုတ် အရမ်းဟုတ် တကယ်ဟုတ် အတည်ဟုတ် အပီအပြင်ဟုတ် "
ဂွန်းဂွန်းရဲ့စစ်ကူခေါ်သံကို ဂိုဂိုက ပုတ်သင်ညိုခေါင်းငြိမ့်သလို ငြိမ့်ပြီး ပါးစပ်ကပါ ဟုတ် ဂါထာရွတ်ရင်း ထောက်ခံရှာတယ်
YOU ARE READING
My chaos
Teen Fiction" မင်းဘာဖြစ်နေနေ ငါဂရုမစိုက်ဘူး ငါ့ကိုပြန်ချစ်ဖို့လဲ မမျှော်လင့်ဘူး ဒီအတိုင်းပဲ ငါမင်းကိုချစ်နေရရင်ရပြီ" မိုးထက်မြင့်မိုရ် " ဂိုဂို ဘာလုပ်လုပ် ငါကာကွယ်ပေးမယ် ဂိုဂို့ကိုနင်ထိခိုက်အောင်လုပ်ရင် ငါ့ရန်သူပဲ " မေနှင်းမြင့်မိုရ် " လှည့်စားတာတော့မဟုတ်ဘူး...