Background music 🎶
Walk with you _ midnight sun OST
အချစ် ?
လူတွေပြောပြောနေကြတဲ့အရာ
အဓိပ္ပာယ်အတိအကျမသိပေမဲ့ အဲ့ အချစ်ဆိုတဲ့ အသုံးအနှုန်းကို ခဏလောက်ယူသုံးချင်တယ်
အင်း...ချစ်တယ်
ဘာမှမထူးဆန်းပါဘူး လူတစ်ယောက်က တစ်ယောက်ကို ပြောနေကြအတိုင်းပဲ ချစ်တယ်
ထူးထူးခြားခြား တမင်သက်သက်ကြီး မဟုတ်ပဲ သူ့အလိုလိုပဲ ဖြစ်ပေါ်လာသလို ချစ်တယ်
ဒီအတိုင်းလေးပဲ ချစ်ပါတယ်
**************************************
" မေနှင်း "
" ရှင် ! "
" အင်္ကျီလိုလို့ဆို "
" ဟုတ်တယ် ကိုစည်သူရေ ဟို လင်းလက်မလေ ဘာမှကိုမပြင်ဆင်လာဘူး "
" ထင်တယ် "
" ရှင် ဘာပြောလိုက်တာ "
" ဘာမှမဟုတ်ဘူး ရော့ အစ်ကိုအင်္ကျီ ယူသွား အပိုထည့်လာတာ အတော်ပဲ ဖြစ်သွားတယ် "
" ကျေးဇူးတင်ပါတယ် ကိုစည်သူသာမပေးရင် တော်တော် တိုင်ပတ်နေမှာ နောက်ရက်မှ လင်းလက်ကိုလာပေးခိုင်းလိုက်မယ်နော် "
" အင်း ရပါတယ် "
မေနှင်း တစ်ယောက် လင်းလက်ကိုအင်္ကျီလဲခိုင်းကာ ပြင်ဆင်ပေးပြီး ပြဇာတ် ကခိုင်းလိုက်ရသည်
ဒီကြားထဲ အစ်ကိုတော် ငစနူကောင်နဲ့ ဟို မေတ္တာတုံးကောင်ကို ရှာရပြန်သည်
ခန်းမထဲ လှည့်ရှာပြီး မတွေ့တော့ အပြင်ထွက်ကြည့်တော့မှ ပျော်ရွှင်ကြည်နူး သာယာရွှင်ပြ ဝမ်းသာကျေနပ် နေတဲ့ နှစ်ကောင်
" မိုးထက်မြင့်မိုရ် !!! "
" ဟင် "
ဂိုဂို အလန့်တကြားလန့်ကြည့်မိတော့ ဂွန်းဂွန်း ခါးကြီးထောက်ကာ ကြည့်နေသည်မှာ ကြောက်စရာအလွန်ကောင်း
ကြောက်ကြောက်လန့်လန့်နဲ့ဘေးနားကို အားကိုးရှာသလို လှည့်ကြည့်မိတော့ မင်းနေလင်းခမျာ ၇ ရက်ထမင်းမစားရတဲ့ ရုပ်နဲ့ မုန့်ခိုးစားတာကို သခင်မိသွားတဲ့ ကြောင်လို ကုပ်နေတာ
YOU ARE READING
My chaos
Teen Fiction" မင်းဘာဖြစ်နေနေ ငါဂရုမစိုက်ဘူး ငါ့ကိုပြန်ချစ်ဖို့လဲ မမျှော်လင့်ဘူး ဒီအတိုင်းပဲ ငါမင်းကိုချစ်နေရရင်ရပြီ" မိုးထက်မြင့်မိုရ် " ဂိုဂို ဘာလုပ်လုပ် ငါကာကွယ်ပေးမယ် ဂိုဂို့ကိုနင်ထိခိုက်အောင်လုပ်ရင် ငါ့ရန်သူပဲ " မေနှင်းမြင့်မိုရ် " လှည့်စားတာတော့မဟုတ်ဘူး...