Ep 17

1.3K 89 21
                                    

Plan M

Subtitle B

How to get attention from Min Nay Lin

ဂိုဂို ph ထဲက Google ဖွင့်ကာရှာလိုက်သည်

" meet your crush's friends "

မင်းနေလင်းသူငယ်ချင်းတွေ

မင်းနေလင်းက သူငယ်ချင်းသိပ်မရှိ အတန်းထဲက ကောင်မလေးတွေက အရေးပေးကြပေမဲ့ သူ့ဟာသူ drawing တွေနဲ့သာတိုင်ပတ်နေတာ

ဒီကြားထဲ ဘောလုံးကန်တာက training ဆင်းနေရသေးဆိုတော့

ပေါင်းတဲ့သူဆိုလို့ ငါရယ် ခန့်မောင်မောင်ရယ် ဇွဲကောင်းခန့်ရယ် ဂွန်းဂွန်းရယ် ဒါပဲထင်တယ်

သူတို့အကုန်လုံးနဲ့လဲသိနေတာကို ဘယ်လိုလုပ်မလဲ
ခန့်မောင်မောင်က civil ကဆိုတော့ ကန်တင်းထိုင်မှသာတွေ့ဖြစ်တာ

တွေ့တိုင်းလဲ သူက game ဆော့နေတော့စကားမပြောဖြစ်ဘူး

အင်း ခု ကန်တင်းသွားရင် သူနဲ့ စကားပြောရမယ်

နောက်တစ်ယောက်က

ဟို မေတ္တာတုံး ကျက်သရေတုံးကောင် အကြံတုံးဉာဏ်တုံး အကုန်တုံးတဲ့ ဇွဲကောင်းခန့်

အဲ့အကောင်ကတော့ သူကပဲလာလာပြောနေတာ ပြန်မပြောမိဘူး ပြန်ပြောချင်စရာလဲ မကောင်းပါဘူး

ရုပ်ကိုက Alice in Wonderland ထဲကကြောင်ရုပ်နဲ့ သွားသုံးဆယ့်နှစ်ချောင်းလုံးဖြီးနေတာ

သင်တန်းမှာတုန်းကဆို ကောင်မလေးတွေအများကြီးနဲ့ ဟီးလားဟားလားလုပ်လုပ်နေတာမြင်သားပဲ

မကောင်းတဲ့အကောင်

ဒါပေမဲ့လဲ သူနဲ့တော့ စကားအကောင်းပြောဖူးတယ်ရှိအောင် ပြောကြည့်မှပါ

ဒီအကောင်ဘယ်ရောက်သွားလဲ

ဂိုဂိုအတန်းထဲမျက်စိဝေ့ကြည့်လိုက်သည်

မင်းနေလင်းရော ဇွဲကောင်းခန့်ရောမရှိ training
ဆင်းကြတယ် ထင်သည်

ရတယ် ပြန်လာရင်ပြောမယ်

ဟော ပြန်တောင်လာကြပြီ တိုက်ဆိုင်လိုက်တာ
ဇွဲကောင်းခန့်ရယ် ဟင်းဟင်း

ဂိုဂိုကတော့ လူယုတ်မာပြုံးကြီးနဲ့ သားကောင်ရှာနေတဲ့ ကျားလို ဇွဲကောင်းခန့်ကို ကြည့်နေသည်

My chaos Hikayelerin yaşadığı yer. Şimdi keşfedin