Background music
Cody Simpson - La Da Dee ( cloudy with a chance of meatballs 2 )
" ဂွန်းဂွန်း "
" အင်း "
ကိုယ်ကတော့ ညရောက်ရင်စာရင်းထွက်မှာမို့လို့ ခြောက်ခြားနေတာ
သူကတော့ ကိုရီးယားကားကြည့်တာမပျက်
Laptop ရှေ့ကမခွာပဲ သာသာယာယာနေနိုင်သည်ကိုယ့်မှာသာ တစ်ယောက်တည်း ဟိုတွေးဒီတွေးနဲ့ မခံစားနိုင်တော့လို့ သူ့ အခန်းထဲလာပြီး မနေနိုင်မထိုင်နိုင် စကားလာပြောခြင်းဖြစ်သည်
" ငါအောင်ပါ့မလားဟင် "
မျက်နှာလေး ဇီးစေ့လောက်လုပ်ပြီးမေးကြည့်တော့လဲ လှည့်တောင်မကြည့်ပဲပြန်ပြောသည်
" ကိုယ့်ဟာကိုယ်ဖြေထားတာပဲ ကိုယ်သိမှာပေါ့ "
အင့်
တော်တော် ချစ်စရာကောင်းတဲ့ ညီမ
" နင်ကလဲ "
ဘေးနားထိုင်ပြီး စကား တတွတ်တွတ်ပြောနေလို့ သူ ကိုရီးယားကား ကြည့်တာ feel ပျက်လို့ထင်တယ်
Laptop ကိုခဏရပ်ပြီး ဂိုဂို့ဘက်လှည့်ကြည့်သည်
" ဒီမှာ ငါပြောတာအမှန်ပဲ နင်ဖြေထားတာနင်ပဲသိမှာ ငါကအပြင်ပန်းပဲသိတာ ဒါပေမဲ့ ငါမြင်ရတွေ့ရသလောက်တော့ နင်ကစာလုပ်တာပဲ ငါ့ထက်တောင်ပိုလုပ်သေး ငါတောင်တော်တော်ဖြေနိုင်တယ်ဆိုတော့ နင်က ပိုဖြေနိုင်မှာပဲ "
" ဒါပေမဲ့လဲ ကြောက်တာကတော့ ကြောက်တာပဲ ငါ့အဖြေစာရွက် တစ်ခုခု ဖြစ်သွားတာမျိုး အပိုစာရွက်တွေ ညှပ်ထားတဲ့ကလစ် ပြုတ်သွားတာမျိုးတို့ဘာတို့လဲ ဖြစ်သွားရင်ရော "
" အရာအားလုံးကိုလိုက်ကြောက်နေလို့မရဘူး ဂိုဂို ဖြစ်ချင်တာဖြစ် ကိုယ်ကရင်ဆိုင်ဖို့အားတင်းထားရမှာ သူ့ဘာသူဖြစ်ချိန်တန်ရင် ဖြစ်သွားမှာပဲလို့မှတ်ထားလိုက် စိတ်ပူနေလဲ ဖြစ်မဲ့ အကြောင်းအရာတွေက မပြောင်းလဲဘူး ကိုယ်ပဲ စိတ်ပင်ပန်းတာရှိတာ အဲ့တော့ စိတ်သာအေးအေးထား "
ဂွန်းဂွန်းကို လေးစားတာ အဲ့လိုအကျင့်မျိုးတွေကြောင့်ဖြစ်သည်
YOU ARE READING
My chaos
Teen Fiction" မင်းဘာဖြစ်နေနေ ငါဂရုမစိုက်ဘူး ငါ့ကိုပြန်ချစ်ဖို့လဲ မမျှော်လင့်ဘူး ဒီအတိုင်းပဲ ငါမင်းကိုချစ်နေရရင်ရပြီ" မိုးထက်မြင့်မိုရ် " ဂိုဂို ဘာလုပ်လုပ် ငါကာကွယ်ပေးမယ် ဂိုဂို့ကိုနင်ထိခိုက်အောင်လုပ်ရင် ငါ့ရန်သူပဲ " မေနှင်းမြင့်မိုရ် " လှည့်စားတာတော့မဟုတ်ဘူး...