သော့ခတ်​ လိုက်​​သော....

399 39 1
                                    

မုသား​တွေပါ ​မေ ရယ်​။
အ​လေးအနက်​မထား ခြင်း​တွေပါ။

သြော်​...ယုံမိပြန်​ပြီ ​မေ။
ကျွန်​​တော့်​ အသဲနှလုံးဟာ ဒရယ်​တစ်​လို
အမှတ်​မရှိခြင်း​တွေနဲ့....
အမိုက်​မဲဆုံးလူသားဘဲ​ မေ။

ပျော်​ပါးချင်​တဲ့ စိတ်​က​လေးကို
အရိုင်းဆန်​ဆန်​လွှတ်​​ပေးမိတဲ့အခါ
အမှတ်​တရဆိုး​တွေက ဒဏ်​ခတ်​ပြန်​တယ်​။

ကျွန်​​တော့်​ရဲ့ အသိဥာဏ်​​ ကို
စကားလုံး​တွေနဲ့ နာနာရိုက်​နှက်​ပြီးဆုံးမပါဦး​ မေ။
နာခံမယ်​...။

အသဲနှလုံးဟာ ​မေ တစ်​​ယောက်​တည်းအတွက်​သာ
အပိုင်​စားဖြစ်​​စေရမယ်​။
မည်​သူမည်​ဝါမျှ ဝင်​​ရောက်​ခွင့်​မရှိ
'​မေ' ဆိုတဲ့ စကားဝှက်​​နဲ့ 
သော့ခတ်​ထားမယ်​....။

Dear "May...''Where stories live. Discover now