ငြိမ်းချမ်းစွာ ရူးသွပ်​ခြင်း....

522 47 3
                                    


ကျွန်​​တော်​က​တော့ အချစ်​ကို
ငြိမ်းချမ်းမှုလို့ ယူဆတယ်​ ​မေ....

ကျွန်​​တော်​​ ငေးမိတိုင်း
အပြုံးမပျက်​တဲ့ ​မေ့ နှုတ်​ခမ်းပါး​တွေဟာ
ဘယ်​​လောက်​​တောင်​ချိုမြိန်​လိုက်​သလဲ....

သံစဉ်​​တွေထဲ စီး​မျော​နေတဲ့ ​မေ့အသံ​လေးကိုမှ
ကျွန်​​တော်​က စွဲလမ်းတာ.....

လမင်းရဲ့ အလင်းကို
ခပ်​​ဝေး​ဝေးက လှမ်းကြည့်​​နေတဲ့ ကြယ်​ပွင့်​ပါ ​မေ။

ကဲ...အချစ်​ဟာ ဘယ်​​လောက်​ ငြိမ်းချမ်းလိုက်​သလဲ .....။

သီချင်း​တွေ များများဆိုပါ ​မေ...။
များများ ပြုံးပြပါ...
ကျွန်​​တော်​ ပိုပြီး ရူးသွပ်​ပါ​စေ......။


ချစ်​လှစွာ​သော
#Shin

Dear "May...''Opowieści tętniące życiem. Odkryj je teraz