အဆင်မပြေဘူးကွယ်...။
စိတ်နဲ့ ခန္ဓာရယ် သဟဇာတမဖြစ်ပြန်ဘူး...။
ရှူ သွင်းရတဲ့လေထုထဲမှာတောင် စို့နစ်ဖွယ်အတိတ်တွေပါဝင်နေသဖွယ်....
ငါဟာ ဘာလို့များအသက်ရှင်နေပါသလဲ...??မျှော်လင့်ချက်မဲ့တဲ့မနက်ဖန်တွေမှာ
အဓိပ္ပါယ်မဲ့ ပြုံးရယ်ပြဖို့....။တာဝန်သိတတ်မှုတို့ရဲ့ ကျေးကျွန်။
ခန္ဓာဟာ ဦးနှောက်ရဲ့စေခိုင်းမှုအောက်က စက်ရုပ်တစ်ရုပ်အပြင်မပိုတော့....။
ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတဲ့မေတ္တာတရားက
ပျက်ရယ်စော်ကားခြင်းနဲ့ အကြိမ်ကြိမ်ထိုးသတ်ခံထားရတဲ့အခါ.....
ဒဏ်ရာ ပလပွ။သည်းခံနိုင်ခြင်းကို ခဏခဏသံပတ်ပေးရင်း...
မငိုချင်တော့ဘူးကွယ်။ကြိုးပြတ်သွားတဲ့ လေတံခွန်လို
စိတ်ရှိတိုင်းလွတ်လွတ်လပ်လက်လွင့်မျောပစ်လိုက်ချင်ပါရဲ့..။မငိုပါဘူးဆိုနေမှ
သီချင်းသံဆွေးမြေ့မြေ့နဲ့ မိုးဖွဲတွေဟာ
ငိုလွယ်သူကို လက်တို့နေကြပြန်တယ်...။ဟာသတွေကြည့်ပြီး အော်ဟစ်ရယ်မောနေခဲ့ပေမယ့်...
ငါလည်း ပင်ပန်းတယ် မေရယ်..။
သိပ်ပင်ပန်းတယ်....။အခန်းကျဉ်းလေးဟာ သေးငယ်ပေမယ့်
ငါဆိတ်ဆိတ်အသံတိတ်ငိုကြွေးဖို့ရန်တော့ အဆင်ပြေသား...။#ရှင်းခ
YOU ARE READING
Dear "May...''
Poetryရူးသွပ်ခြင်းဟာ မေ နဲ့စခဲ့တာမို့... မေ ကိုယ်တိုင်သာ အဆုံးသတ်ပါ....။ ချစ်လှစွာသော.......... #Shin...