ချိန်းကြိုးပျက်သွားတဲ့ ရထားတစ်စင်းပေါ့ မေ။
မျဉ်းပြိုင်လမ်းမှာ အတ္တတွေယှဉ်ပြိုင်ကြရင်းပေါ့။အလျော့ပေးခြင်းဟာ လေပြေနဲ့အတူတူလွင့်စင်သွားတဲ့ ပန်းဝတ်မှုန်တွေလိုမျိုး၊
မေ ကတော့ အတ္တကိုခူးစွတ်ပန်ဆင်ပါ။လူသားမို့လည်း အတ္တကြီး ပေမယ်ပေါ့။
မေ့ အတ္တတွေဆုံးခန်းတိုင်တဲ့အခါ
တစ်ကျော့လောက်တော့ ပြန်လှည့်လာမှာပါဆိုတဲ့ အတ္တမျိုးနဲ့ မျဉ်းပြိုင်လမ်းမှာ စောင့်နေတဲ့
ကျွန်တော်။မျဉ်းပြိုင်လမ်းမှာ အတ္တပန်းပွင့်တွေစိုက်ပျိုးရင်း
စောင့်နေခဲ့တဲ့ ကျွန်တော်......။#Shin
ESTÁS LEYENDO
Dear "May...''
Poesíaရူးသွပ်ခြင်းဟာ မေ နဲ့စခဲ့တာမို့... မေ ကိုယ်တိုင်သာ အဆုံးသတ်ပါ....။ ချစ်လှစွာသော.......... #Shin...