စိတ်​ကူး​လေလွင့်

406 44 8
                                    


မေ နဲ့ ကျွန်​​တော်​ လက်​ထပ်​ခဲ့ကြသည်​​ ​ပေါ့.......

ဟင်းမချက်​တတ်​တဲ့ ​မေ့အတွက်
ကျွန်​​တော်​ဟာ ရာသက်​ပန်​ စားဖိုမှူး။

ပင်​ပန်း​နေသလား ​မေ
ရေပူ၊ ​ရေ​အေး ကမ်းလှမ်းမှာ​ပေါ့။

မေ့ရဲ့ နဖူး​ပြောင်​​ပြောင်​​လေး​ပေါ်မှာ
Morning kiss၊ Night kissလဲမပြတ်​​စေရ။

အိပ်​ပုပ်​ကြီးတဲ့ ​မေ့ ကို နှိုးဖို့
ပေါက်​တီး​ပေါက်​ရှာ နည်းလမ်း​တွေလဲစဉ်းစားထားရမယ်​​။

စိတ်​​ကောက်​ပါ ​မေ
ကျွန်​​တော့်​အ​ပေါ် ဆိုးနွဲ့ပါ။

ချစ်​စနိုးနဲ့​ပေးထားတဲ့ နာမည်​​ပြောင်​​တွေ​ခေါ်ပြီး
စ​နောက်​တဲ့အခါ ကျွန်​​တော့်​ရင်​ဘတ်​ကို
'တဘုန်းဘုန်း'ထုရိုက်​လို့ စိတ်​​ကောက်​ပါ။
မျက်​​စောင်းလှလှ​လေး​လဲ ပါပါ​စေ။

သားသား၊ မီးမီးလေး​တွေ နဲ့အပြိုင်
အော်​ဟစ်​ ​သောင်းကျန်း​နေမယ့်
ခ​လေးဆိုးကြီးကိုလဲ မြင်​​ယောင်​​နေမိ​သေး...။

အလကားရတဲ့ ​လေထုထဲ
လှလှပပ တိုက်​အိမ်​​လေး​ဆောက်​မိပြန်​ပြီ ​မေ။

ကျွန်​​တော့်​စိတ်​ကူး​တွေထဲ
မေရယ်​၊ ကျွန်​​တော်​ရယ်
မေနဲ့တူတဲ့ ချစ်​စရာ ​ဘေဘီ​လေး​တွေရယ်​.......။

#Shin

Dear "May...''Tempat cerita menjadi hidup. Temukan sekarang