1

24.4K 554 88
                                    

Zawgyi>>>

မြေအောက်ခန်းရဲ့ သံကုတင်ပေါ်မှာ ထိုင်နေသောကလေးငယ်...
သံကြိုးအချို့ကလဲ ကလေးလေးရဲ့ ခြေထောက်နုနုနဲ့ လက်ကောက်ဝတ်တွေမှာ နေရာယူနေကြလေရဲ့...

ကလေးငယ်ဟာ သူ့ကိုအသနားခံမျက်ဝန်းလေးတွေနဲ့ စိုက်ကြည့်နေတာမို့ ခပ်ဟဟရယ်မိပါရဲ့...

သူကကလေးလေးနဲ့ပက်သက်တာတွေ မသိဘူးထင်နေခဲ့သည်လား??

"Hyun...ကျွန်တော် ဘာအမှားလုပ်မိလို့လဲဟင်?"

ထိတ်လန့်နေသောမျက်ဝန်းအစုံ...
အိုး!ထိုမျက်ဝန်းတွေက ကိုယ့်ရဲ့ကလေးငယ်ငယ် ကိုယ့်ကို စိုက်ကြည့်ခဲ့တာပဲမဟုတ်လား?

အခုတော့အဲ့ ချစ်စရာအကြည့်တွေက ကြောက်ရွံ့မှုအဖြစ်ပြောင်းလဲသွားကြပြီ...
မင်းကိုယ့်ကိုကြောက်ရွံ့တဲ့အခါ ကိုယ်ဟာမသိစိတ်ထဲကကြိတ်ပျော်တယ်...

ကြောက်ရွံ့မှုတစ်ခုတည်းကသာလျှင် စိတ်အစုံကိုဟန့်တားနိုင်တဲ့တံတိုင်းတစ်ခုမို့...

"Yeol ah.."

"ဗျာ"

"မင်းကိုလူတစ်ယောက်သတိထားကြည့်နေတာကို သိရဲ့သားနဲ့ ဘာလို့ကိုယ့်ကိုမပြောရသလဲ?"

သူ့နာမည်?
အင်း...စိတ်မဝင်စားဘူး မှတ်ထားစရာလဲမလိုဘူး အိမ်စေတစ်ယောက်ဖြစ်ပါလျက်နဲ့ ဘာလို့ ကိုယ့်ရဲ့ကလေးလေးကို ချစ်တယ်ဆိုတဲ့စကားပြောနိုင်သလဲ?

မနေ့ကပင် ကောင်လေးကိုလှမ်းကြည့်နေသောထိုလူသား...
ပေါင်တိုဝတ်ထားတဲ့ ခြေသလုံးဖွေးဖွေးလေးတွေကို သူသဝန်တိုမိပါ၏...

"ဆက်မကြည့်ဖို့ ကိုယ်သူ့မျက်လုံးတွေကိုဖောက်သင့်လား?"

"Hyun...ကျွန်တော်...ဒီတိုင်း...အရေးမကြီးဘူးထင်လို့ပါ"

"ကလေးနဲ့ပက်သက်ရင်လေ...မြူမှုန်လေးကအစ ကိုယ့်အတွက်အရေးကြီးတာသိလား?"

"တောင်း...တောင်းပန်ပါတယ်"

ခေါင်းကိုအတင်းငုံ့ရင်း တောင်းပန်လာသောကလေးကြောင့် ခပ်ဟဟရယ်မိပါရဲ့...

ကလေးငယ်လေးဟာ သူမလုပ်တဲ့ အပြစ်အတွက်လဲ ကြောက်တတ်သေးသည်...

String (CAGE-3)Where stories live. Discover now