9

7.5K 343 48
                                    

Zawgyi>>>

ရုတ်ချည်းလေးလံလာသောခံစားမှုကို Yeol ကိုယ်ပေါ်မှခံစားလာရသည်...
သူဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်တဲ့အခါ အပေါ်ကနေစိုက်ကြည့်နေတဲ့ Hyun..

"H..hyun..."

"Yeol ah"

Hyun မျက်ဝန်းဟာ လုံးဝပုံမှန်မဟုတ်မှန်းသိလိုက်သည်နှင့် Yeol ခြေထောက်တွေကို ထထွက်သွားလို့မရအောင် ကုတင်တိုင်တွေနဲ့ပူးချည်ထားတဲ့အသိကိုပါရရှိလိုက်ရသည်

မဟုတ်မှ...Hyun ရောဂါပြန်ပြီး?

"H..hyun.."

"အင်္ကျီချွတ် Yeol ah"

"ဗျာ"

"ကိုယ်မင်းသွေးတွေကိုဆာလောင်တယ်"

Yeol ဘာမှမပြောတော့ပဲ ခေါင်းလေးငုံ့ကာ မိမိအင်္ကျီအားချွတ်ပေးလိုက်သည်...

အပေါ်ပိုင်းဗလာဖြစ်သွားတဲ့ကိုယ်လေးကို Baekhyun မက်မောစွာကြည့်ရင်း ဓားတစ်ချောင်းကိုဆွဲယူလာတာတွေ့ရတယ်

Yeol သူ့ကိုဘာမှမပြောမိပဲ တွေတွေလေးသာကြည့်နေမိတော့သည်...

"မင်းအသားတွေကိုဓားနဲ့မွှန်းချင်တယ် yeol ah"

"H..hyun သဘောပါ"

Hyun က အနောက်တွင်နေရာယူလိုက်တာကြောင့် Yeol နှုတ်ခမ်းလေးကိုဖိကိုက်ထားရင်း ကျရောက်လာမဲ့နာကျင်မှုကိုစောင့်စားနေမိတယ်

"အာ့"

ကျောပြင်ထဲထိုးခွဲဝင်လာတဲ့ဓား...
အရေခွံတွေကိုဖောက်ထွင်းရင်း အသားကိုမွှန်းနေတာကြောင့် Yeol အတော်လေးနာကျင်ရပါသည်

"ဟင့်"

ဖြည်းဖြည်းချည်းဓားကိုကိုင်ကာ တစ်ချက်ချင်းမွှန်းနေတာကြောင့် Yeol မွေ့ယာမှာမျက်နှာအပ်ရင်း အိပ်ယာခင်းစကို တင်းတင်းဆုပ်ကိုင်ကာ ကြိတ်ငိုနေမိတယ်

ပျောပြင်တစ်လျှောက် စီးကျလာတဲ့အရည်တွေက သူ့သွေးတွေလား...

တစ်ချက်တစ်ချက် နာလွန်းလို့ ရှိုက်သံလေးတွေပါထွက်လာသည်...
Hyun...Hyun ကိုလှည့်ကြည့်မိတော့ သူ့သွေးတွေကိုသဘောကျစွာကြည့်ရင်း ပြုံးနေပြန်တယ်

အဲ့အပြုံး...သူ့ရဲ့မဲ့ပြုံး တစ်ခုကိုတောင်နှစ်သက်နေမိတဲ့အထိ ကျွန်တော်ရူးတတ်နေခဲ့ပြီ...

String (CAGE-3)Where stories live. Discover now