15

6.3K 306 30
                                    

Zawgyi>>>

အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် သွေးစနှင့်ဖန်ကွဲစတွေပျံ့ကျဲနေသော ကြမ်းပြင်...ပြီးတော့ သံကြိုးရှည်တွေနဲ့ချည်နှောင်ခံထားရတဲ့ Yeol ကိုယ်လေးက နံရံထောင့်မှာဒူးလေးပိုက်ကာထိုင်နေသည်

Luhan နဲ့ Minseok အနားလျှောက်သွားတော့ ခြေသံပဲကြားတဲ့ကောင်လေးက ကြောက်လွန်းလို့ကိုယ်လေး တဆတ်ဆတ်တုန်လာတယ်...

မျက်နှာကို ဒူးပိုက်ကာအတင်းဖွက်ထားရင်း နံရံထဲဝင်တော့မတတ် အတင်းကပ်ထားတဲ့ကိုယ်လေးမှာ သွေးစတွေဆိုတာရစရာမရှိ...

"Yeol ah..."

"H..hyun မလုပ်ပါနဲ့တော့...ဟင့် တောင်းပန်ပါတယ်"

Baekhyun လို့ထင်ပြီး အတင်းတောင်းပန်နေတဲ့ yeol လေးက အတော်ကြောက်နေဟန်ရှိသည်

"Yeol ah...Hyung ပါ"

"Luhan hyung..."

"Yeol ah"

Luhan hyung အနားရောက်လာတာကြောင့် Yeol ခေါင်းလေးငုံ့ထားမိတယ်...
Minseok hyung လဲပါလာတာကြောင့် ဒဏ်ရာတွေနဲ့သူ့ကိုမြင်တော့ စိတ်မကောင်းဖြစ်သွားဟန်ပြုသည်

"အဆင်ပြေရဲ့လား Yeol ah"

Yeol ဆံပင်လေးတွေကို ဆွဲဖွကာမေးတဲ့ Minseok hyung ကြောင့် yeol ထိန်းထားတဲ့မျက်ရည်လေးတွေကျလာတော့တယ်

" ဟင့် Hyung...ကျွန်တော်အရမ်းကြောက်တယ်...hyun ကလေ...အရမ်း...အရမ်းရိုက်တယ်..."

တရှုံ့ရှုံ့ငိုနေတဲ့ yeol ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးရုံမှအပါး သူတို့ဘာမှမတတ်နိုင်ခဲ့ချေ...

အိမ်ကြီးတစ်ခုလုံး Baekhyun နဲ့ကောင်လေးနှစ်ယောက်ထဲ...
အားလုံးကအစေခံတွေမို့ ကူမဲ့ကယ်မဲ့သူလဲမရှိ ဘယ်လောက်တောင်ကြောက်နေလိုက်ရှာမလဲ

အခုတောင် အိမ်ရဲ့အထိန်းတော်က Yeol ကိုသနားလို့ဆိုပြီး Minseok ဆီအကူအညီလာတောင်းလို့သိရတာ

အခန်းထဲပိတ်ပြီး Yeol ကိုအရမ်းနှိပ်စက်နေတာသိပေမဲ့ သူတို့ကအလုပ်သမားဖြစ်တာကြောင့် ဘာမှဝင်ပြောပိုင်ခွင့်မရှိဘူးလေ...

Yeol ရဲ့ငိုသံလေးတွေနဲ့ တောင်းပန်သံတွေကြောင့် အကုန်လုံးစိတ်မကောင်းဖြစ်မိကြပြီး နောက်ဆုံး minseok ဆီအကူအညီသွားတောင်းခြင်းသာ...

String (CAGE-3)Where stories live. Discover now