Zawgyi>>>
ကောင်လေးထွက်သွားတာ ၁ပတ်ကျော်ခဲ့ပြီ...
10နှစ်ကျော်လုံးလုံး သူမြင်ချင်ရင် ချက်ချင်းမြင်နိုင်ခွင့်ရှိတဲ့ လှောင်ပိတ်ခံငှက်ငယ်လေး...အခုတော့ဘယ်ရောက်နေပြီတဲ့လဲ?
လွမ်းတယ်...နှလုံးသားထဲကနာကျင်နေတယ် နောက်ဆုံးတော့ သူ့လိုကြမ်းတမ်းရက်စက်တဲ့လူထံက ကောင်လေး ထွက်ပြေးသွားခဲ့ပြီလေ...
အချိန်ကြာလာတာနဲ့အမျှ ဒေါသတွေက ဝမ်းနည်းမှုအဖြစ်ပြောင်းလဲသွားကြတယ်
အထီးကျန်ဆန်တဲ့ သူ့ဘဝလေးထဲ yeol ရဲ့ခိုးခိုးခစ်ခစ်ရယ်သံလေးတွေကလွဲ မရှိခဲ့တာ...
အခုတော့ဘဝတစ်ခုလုံးပြန်ခြောက်သွေ့သွားပြီ...Yeol ကိုသူဘယ်တော့မှထပ်ပြီး မြင်နိုင်မှာလဲ?
အရမ်းလွမ်းတယ် ကောင်လေး..
ကိုယ်မင်းကိုအရမ်းရက်စက်ခဲ့မိတယ် ကိုယ်တောင်းပန်ချင်ပေမဲ့...
ကိုယ့်စိတ်တွေထပ်ပြီး မထိန်းချုပ်နိုင်မှာ သိနေတယ်...
အတ္တကြီးစွာတောင်းဆိုရရင်တော့...
"ပြန်လာခဲ့ပါ Yeol ah"
နှလုံးသားရဲ့နာကျင်မှုကို မေ့ပျောက်ဖို့အတွက် ပူလောင်ပြင်းရှတဲ့အရည်အချို့ကို အသုံးပြုမိပါသော်လဲ ပါးပြင်ကမျက်ရည်တွေခမ်းခြောက်မသွားခဲ့...
ပျောက်သောသူရှာရင်တွေ့ဆိုပေမဲ့ မမြင်အောင်ပုန်းနေတဲ့သူကို ဘယ်လိုရှာနိုင်ပါ့မလဲ...
အိပ်ချင်ယောင်ဆောင်တဲ့သူ နိုးရခက်တယ်တဲ့လေ...
သူကိုယ်တိုင်လဲ လူတွေအနှံ့အပြားရှာခိုင်းထားပြီး Tokyo တစ်ခုလုံးကို သူ့လူတွေလွှတ်ထားတာ...
သူကိုယ်တိုင်တော့ထွက်မရှာနိုင်ခဲ့ဘူး...
ကြောက်တယ် yeol ကိုမတွေ့ပါဘူးလို့ပြောမဲ့စကားသံတွေကို ကြောက်သလို Yeol ပြန်မလာတော့မှာလဲကြောက်တယ်အထီးကျန်နေတဲ့သူ့ဘဝကို နောက်ဆုံးတော့ ကောင်လေးစွန့်ပစ်သွားပြီတဲ့လား...
****************************
Yeol တစ်ဖက်တွင်ရှိသော Hyun အိမ်လေးကိုငေးကြည့်နေမိသည် ..
ဒီအချိန်ဆိုသူချစ်ရတဲ့သူတစ်ယောက် အရမ်းဒေါသထွက်နေလေမလား...
YOU ARE READING
String (CAGE-3)
Fanfictionတစ်ခါတစ်ရံမှာ လွတ်မြောက်ခြင်းမဆိုသာတဲ့ လှောင်ပိတ်မှုတွေကို သခင့်ဆီကအမြတ်တနိုးရယူရတတ်တယ်... Season 3 of *CAGE* (warning:*CAGE* series များတွင် Chanyeol uke သာရေးသားသည်) Baekyeol Boy×Boy RatedM Sorry for bad writings 90°bow #Yoohyunee