17

6.1K 303 38
                                    

Zawgyi>>>

Yeol အိမ်ထဲဝင်လာတာနဲ့ ကျောထဲစိမ့်ခနဲခံစားသွားရတယ်...
သူ့ကိုမြင်တော့ အစေခံတွေကလဲ အံ့သြစွာကြည့်နေကြတာပေါ့

"သခင်လေး..."

"Hyun ရောဟင်?"

"သခင်လေးပြန်လာတာလား?"

"ဟု..ဟုတ် အိမ်တော်ထိန်း Kim..."

အိမ်တော်ထိန်း Kim ခေါင်းတငြိမ့်ငြိမ့်လုပ်သည်...
အမှတ်သည်းခြေမရှိတဲ့ ထိုကောင်လေးက သူ့သခင်လေးဆီက ဘယ်တော့မှထွက်သွားမှာမဟုတ်မှန်း သိနေတယ်လေ...

သြော်...ချစ်ခြင်းတရားရဲ့ နက်ရှိုင်းမှုက ဒါမျိုးပါလားလို့တွေးရုံအပြင် အိမ်တော်ထိန်းမတားလိုချေ...

ကောင်လေးထွက်သွားတုန်းကလဲ သူ့သခင်လေးမှာ ကမ္ဘာပျက်သလိုခံစားရင်း အရူးတစ်ပိုင်းဖြစ်နေတာ သူ့မျက်မြင်ပဲမို့...

အတ္တကြီးရရင်တော့ ကောင်လေးပြန်လာတာကို ကြားကဝမ်းသာမိတယ်...

"Hyun ဘယ်မှာလဲဟင်?"

"သခင်လေးအခန်းထဲကအခုထိထွက်မလာသေးပါဘူး အစာလဲမစားပဲအရက်တွေပဲစွတ်သောက်နေတယ်သခင်လေးရယ်"

အိမ်တော်ထိန်းစကားကြောင့် Yeol စိတ်မကောင်းဖြစ်သွားရသည်...
Hyun ရယ်...ကျွန်တော်အရမ်း ရက်စက်မိသွားတာလား

"ကျွန်တော့်ကို Hyun အရမ်းစိတ်ဆိုးနေပြီလားဟင်"

"တစ်ပတ်လုံးသောင်းကျန်းနေလို့ ကျွန်တော်တို့လဲတားမရပါဘူး အမှန်တိုင်းပြောရရင်တော့ သူအရမ်းဒေါသထွက်နေတာပါသခင်လေး"

Yeol ထိုစကားကြောင့် ကိုယ်လေးကြုံ့သွားကာ အင်္ကျီစကို တင်းတင်းဆွဲဆုပ်ထားမိတယ်...

သူ Hyun ကိုအရမ်းကြောက်တယ်လေ...

"စိတ်ပြောင်းသွားပြီလားသခင်လေး"

အိမ်တော်ထိန်း Kim မေးလိုက်သောအခါ
Yeol မျက်လွှာလေးကိုချကာ ခေါင်းငုံ့လိုက်မိသည်

"ကျွန်တော် ဆုံးဖြတ်ပြီးပါပြီအထိန်းတော်ကြီး...Hyun ကကျွန်တော့်ခင်ပွန်းပဲ...သူရိုက်လဲကျွန်တော်သည်းခံပါ့မယ်"

အိမ်တော်ထိန်း Kim ခေါင်းသာငြိမ့်ပြသည်
တီးတိုးပြောဆိုနေကြတဲ့ အစေခံအချို့ကတော့ Yeol ကိုသနားဂရုဏာသက်တဲ့ မျက်ဝန်းတွေနဲ့ကြည့်နေကြလေရဲ့

String (CAGE-3)Where stories live. Discover now