Zawgyi>>>
Baekhyun ကောင်လေးလက်လေးကို နူးညံ့စွာဆုပ်ကိုင်ရင်း နှစ်ယောက်အတူလျှောက်သွားနေကြသည်
ဂျင်းဘောင်းဘီအဖြူလေးကို ဆွယ်တာအဝါလေးနဲ့တွဲဝတ်ထားတဲ့ ချစ်ရသူလေးဟာ လှချင်တိုင်းလှနေတာကြောင့် Baekhyun ကောင်လေးကိုသဝန်တိုမိပါသည်
ချစ်ရတဲ့ငှက်ငယ်လေးကတော့ အလိုက်သိစွာ ခေါင်းလေးငုံ့ထားပြီး ဘယ်ကိုမှမကြည့်ရဲပဲ သူ့လက်ကိုသာတင်းတင်းဆုပ်ကိုင်ထားလေရဲ့..
"Yeol ah"
"ဗျာ"
ခေါင်းလေးမော့ကာ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်လာသောကောင်လေးငယ်...
Baekhyun ထိုချစ်ရသူလေးရဲ့ ဆံပင်လေးတွေအား ဆွဲဖွတော့ ပါးပြင်နုနုဟာ ပန်းနုရောင်လေးသန်းသွားကာ ပြုံးလေရဲ့...
"တစ်ခုခုသွားစားရအောင်..."
"ဟုတ်"
ထောင့်အကျဆုံးနဲ့ အလင်းရောင်သိပ်မရသော နေရာတွင်သာ ထိုင်လိုက်ရင်း ကောင်လေးကို ဘယ်သူမှမမြင်အောင် Baekhyun ကွယ်ထားသည်...
Tokyo ရဲ့နေရာတိုင်းဟာ ကောင်လေးမိဘတွေရဲ့ လူတွေနဲ့ပြည့်နှက်နေတာမလား?
တရားဥပဒေနဲ့သာဆုံးဖြတ်ခဲ့ပေမဲ့ ထိုသူတွေကကျေနပ်သေးတာလဲမဟုတ်...
အမြဲလိုလို Yeol ကို သူ့ဆီကလုယူသွားဖို့ချောင်းနေကြတာလေ...ဒါကသိပ်စိတ်ပျက်ဖို့ကောင်းသည်...
"Hyun..."
အတွေးထဲနစ်မြောနေတဲ့သူ ကောင်လေးအသံကြားမှ လှည်ကြည့်မိတော့ ချစ်ရသူလေးဟာအဖြူစင်ဆုံးပြုံးပြလေရဲ့...
"ဘာဖြစ်လိုာလဲဟင်?"
"ဟင့်အင်း..."
အမြဲစိတ်ပူတတ်သော ချစ်ရသူလေးကို သိပ်မြတ်နိုးရပါသည်...
"Yeol လေး"
"ဗျာ"
"လိုအပ်တာတွေအကုန်ဝယ်နော် နောက်တစ်ခါထွက်ဖို့ကကြာဦးမှာ သိတယ်မလား?"
"ဟုတ်..ကျွန်တော်ဘာမှမလိုပါဘူး Hyun"
"အာ...ကိုယ်စဉ်းစားနေတာ"
YOU ARE READING
String (CAGE-3)
Fanfictionတစ်ခါတစ်ရံမှာ လွတ်မြောက်ခြင်းမဆိုသာတဲ့ လှောင်ပိတ်မှုတွေကို သခင့်ဆီကအမြတ်တနိုးရယူရတတ်တယ်... Season 3 of *CAGE* (warning:*CAGE* series များတွင် Chanyeol uke သာရေးသားသည်) Baekyeol Boy×Boy RatedM Sorry for bad writings 90°bow #Yoohyunee