ကြိုး (၁)

8.8K 194 5
                                    

Written by White Ghost(ဝိညာဉ်​ဖြူ​လေး)

"ဘာ....ဘယ်​လို​ပြောလိုက်​တယ်​ မင်းမုန်းမာန်​ လက်​ထပ်​​တော့မယ်​ ဟုတ်​လား..."

"ဟုတ်​တယ်​ ​နှောင်​ကြိုး....သူ့မိဘ​တွေ​ပေးစားတဲ့သူနဲ့ မနက်​ဖြန်​ မန္တ​လေးမှာ မင်္ဂလာပွဲလုပ်​ဖို့ သွားကြပြီ"

ဇော်​ရဲ​ပြော​သောစကားလုံးများက သူ့​ခေါင်းကို မိုးကြိုးဆယ်​စင်းပစ်​ချလိုက်​သလို ​ခေါင်းနပန်းကြီးသွား​စေသည်​။ ​နှောင်​ကြိုး မျက်​ရည်​များတသွင်​သွင်​စီးကျလာကာ ​ခေါင်းကို တွင်​တွင်​ရမ်းရင်း

"မဟုတ်​ဘူး....မဟုတ်​ဘူး...​ဇော်​ မင်းညာ​နေတာ သူ....သူက ငါ့ကိုအရမ်းချစ်​တာ။ ငါ့ကိုဘဲတစ်​ဘဝစာလက်​တွဲမယ်​လို့ သူကတိပေးခဲ့တာ"

ဇော်​ရဲတစ်​​ယောက်​က​တော့ သူ့သူငယ်​ချင်းကိုကြည့်​ကာ စိတ်​မ​ကောင်းဖြစ်​​နေ​လေသည်​။ ​နှောင်​ကြိုးရဲ့ပုခုံး​လေးကို ကိုင်​ကာ

"သူငယ်​ချင်းရာ ငါအစထဲက တားခဲ့သားဘဲ။ မဖြစ်​နိုင်​တာ​တွေကို စိတ်​ကူးမယဉ်​ချင်​ပါနဲ့လို့"

"ဘာကိုမဖြစ်​နိုင်​တာလဲ ​ဇော်​... ငါနားမလည်​ဘူး...."

ဇော်​ရဲတစ်​​ယောက်​ နှုတ်​ဖျားမှ စကားလုံးတို့က တစ်​လုံးချင်းထွက်​လာ​လေသည်​။

"​ယောက်ျား...ချင်း....ချစ်​...တာ..."

"မဟုတ်​​သေးဘူး ​ဇော်​.... ဒါဆို ငါတို့နှလုံးသား​တွေက ဒီအတိုင်းစ​တေးရ​တော့မှာလား"

"အဲ့လိုလဲမဆိုလိုဘူး​လေ ​နှောင်​ကြိုးရာ....ငါ​ပြောချင်​တာက မင်းတို့အချစ်​ကို ဖြူစင်​စွာအဆုံးသတ်​ဖို့"

"ငါတို့က လိင်​တူချစ်​သူ​တွေဖြစ်​​နေလို့ မဖြူစင်​ဘူး၊ မသန့်​ရှင်းဘူးလို့ မင်းထင်​​နေတာလား။ လိင်​တူဘဲဖြစ်​ဖြစ်​ လိင်​ကွဲဘဲဖြစ်​ဖြစ်​ ဒီလိုကိစ္စမျိုးဆိုတာ အနည်းနဲ့အများ​တော့ရှိမှာဘဲ။ ​အေး ကုတင်​​ပေါ်က ကိစ္စကို ဘဝလို့ထင်​​နေရင်​​တော့ ဘယ်​လိုချစ်​သူဘဲဖြစ်​​နေပါ​စေ မဖြူစင်​ဘူး....အချစ်​တစ်​ခုမှာ အ​ရေးအကြီးဆုံးက အဲ့ဒါမဟုတ်​ဘူး။ နားလည်​မှု၊ သစ္စာရှိမှု၊ ယုံကြည်​မှု၊ ​နွေး​ထွေးမှုဘဲ။ ငါ့အချစ်​က တခြားသူ​တွေအမြင်​မှာ​တော့ မသင့်​​တော်​ဘူးလို့ ယူဆလို့ရချင်​ရမယ်​။ ဒါ​ပေမယ့်​ အ​ပေါ်ယံအမြင်​နဲ့​တော့ လူတစ်​​ယောက်​ကို လွယ်​လွယ်​အကဲမခတ်​သင့်​ဘူး"

ကြိုး.... (Completed)Where stories live. Discover now