(၂)

3.5K 119 5
                                    

Written by White Spirit(ဝိညာဉ်​ဖြူ​လေး)

နှောင်​ကြိုးဆို​သောနာမည်​နှင့်​ မှတ်​ပုံတင်​​လေးတစ်​ခု......
သူအမြန်​ပင်​ ထို​နေရာမှာ ရပ်​ကြည့်​​နေ​သော လူများကို​မေးလိုက်​​တော့ မန္တ​လေး​ဆေးရုံကြီးသို့သယ်​သွားသည်​ဟု သိလိုက်​ရသည်​။ တုံ့ဆိုင်းမ​နေ​တော့ဘဲ ​ဆေးရုံကြီးသို့ အမြန်​​မောင်းထွက်​ခဲ့​တော့သည်​။

အ​ရေးထဲမှ ကား​တွေက ပိတ်​​နေသဖြင့်​ ​ဒေါသထွက်​ရ​သေးသည်​။ ​ဆေးရုံဝန်းထဲ​ရောက်​​တော့ အ​ရေး​ပေါ်ကား​ပေါ်မှချသွား​သော တွန်းလှည်း​လေး​နောက်​အမြန်​​ပြေးလိုက်​ကြ​ည့်​သည်​။

"​ဒေါက်​တာ... ​ဒေါက်​တာ... ကျွန်​​တော်​ သူ့ရဲ့အသိပါ... သူ...သူ့အ​ခြေအ​နေ...."

"စိတ်​​အေး​အေးထားပါ.... ဆရာတို့အ​ကောင်းဆုံးကြိုးစား​ပေးပါ့မယ်​"

ထိုစဉ်​ သူ့​မေ​မေဖုန်းဆက်​​လေသည်​။

"ဟဲလို... ဟဲလို...သား...ဘယ်​မှလဲ... ဘယ်​ကို​ရောက်​​နေတာလဲ။ ဘာမှမဖြစ်​ဘူးမလား။ ကားကိုဂရုစိုက်​​မောင်း​နော်​သား"

"ဟုတ်​ကဲ့ပါ​မေ​မေ...သား အခု ​ဆေးရုံကြီးမှာအသိတစ်​​ယောက်​ အက်​ဆီးဒန့်​ဖြစ်​လို့ ​မေ​မေတို့ အိမ်​ကိုပြန်​နှင့်​လိုက်​ပါ"

"ဘာလဲသား... ဟို​ကောင်​​လေးလား..."

"​မေ​မေ သားတို့ဒီကိစ္စကို​နောက်​မှရှင်းကြတာ​ပေါ့...အခု​တော့ဖုန်းချလိုက်​ပြီ"

ဒေါ်ထွဋ်​ထိပ်​ထားတစ်​​ယောက်​ ​ဒေါသထွက်​မိ​သော်​လည်း အ​ခြေအ​နေအရ စိတ်​ကို​ဖြေကာ ​ဒေါသကိုမြိုသိပ်​ထားလိုက်​ရသည်​။
အချိန်​အ​တော်​ကြာပြီး​နောက်​ ခွဲခန်းထဲမှ ဆရာဝန်​ကြီးထွက်​လာ​လေသည်​။

"​ဒေါက်​တာ...​ဒေါက်​တာ... လူနာရဲ့အ​ခြေအ​နေက"

သူ စိုးရိမ်​တကြီး​မေးလိုက်​မိသည်​။ ဆရာဝန်​ကြီးက​တော့ သူ့ပုခုံး​လေးကိုပုတ်​ကာ

"ဆရာတို့ အတတ်​နိုင်​ဆုံးကြိုးစားကြည့်​ထားတယ်​။ ဒါ​ပေမယ့်​ သူ့မျက်​နှာက​တော့ အ​ကောင်းအတိုင်းပြန်​ဖြစ်​ဖို့ဆိုတာ အာမမခံနိုင်​ဘူး​ကောင်​​လေး..."

ကြိုး.... (Completed)Where stories live. Discover now