(၇)

1.2K 57 1
                                    

ဒီလိုနဲ့ သူ့​မေ​မေက သူ့အတွက်​စု​ပေးထားခဲ့​သော ဘဏ်​စာအုပ်​ထဲမှ တစ်​ချို့တစ်​ဝက်​ဖြင့်​ တိုက်​ခန်း​လေးငှါးကာ အချိန်​ပိုင်းအလုပ်​ရှာ​တော့သည်​။ သူ့ဘဝသူ ထိန်း​ကျောင်းမှရ​တော့မည်​​လေ။

နှောင်​ကြိုး မင်းမုန်းမာန်​တို့အိမ်​နားသွား​တော့ ဖန်​​နေဝန်းကို အမှတ်​တမဲ့​တွေ့လိုက်​​တော့ အံ့အားသင့်​သွားရသည်​။ သူ...သူ... ဘာလို့များ အကို့အိမ်​​ရှေ့ကို​ရောက်​​နေရတာလဲ...

ထိုစဉ်​အိမ်​ထဲမှထွက်​လာ​သော ​ကောင်​​လေးတစ်​​ယောက်​ ​သေချာကြည့်​လိုက်​​တော့ သူ့နှင့်​ ရုပ်​ချင်းချွတ်​စွတ်​တူ​နေ​လေသည်​။ သူက​ရော ဘယ်​သူများပါလိမ့်​...​ဟော သူတို့ ပြဿနာတက်​​နေကြသည်​ထင်​သည်​။ အကိုက ဖန်​​နေဝန်းကို လက်​သီးဖြင့်​ထိုးလိုက်​သည်​။ ဖန်​​နေဝန်းက ကိုယ်​ကိုတိမ်း၍​ရှောင်​လိုက်​ကာ ညာဝိုက်​လက်​သီးတစ်​လုံးပစ်​သွင်းလိုက်​သည်​။ မင်းမုန်းမာန်​ထိသွားကာ နှုတ်​ခမ်းကွဲသွား​လေသည်​။ ထို​ကောင်​​လေးက သူတို့ကြားထဲမှဝင်​ရပ်​ကာ ဘာ​တွေမှန်းမသိ​ပြောပြီး ထိုင်​ငို​လေ​တော့သည်​။ ထို​ကောင်​​လေးကို ဖန်​​နေဝန်းက ​ပွေ့ချီကာ​ခေါ်သွား​လေသည်​။ ထိုစဉ်​အိမ်​ထဲမှ အမျိုးသမီးတစ်​ဦးထွက်​လာပြီး မင်းမုန်းမာန်​ကို​ခေါ်သွား​လေသည်​။

နှောင်​ကြိုးစိတ်​တို့က အတိတ်​​တွေဆီလွင့်​ပျံသွား​တော့သည်​။
တစ်​​နေ့ ဖန်​​နေဝန်းအလုပ်​သွား​တော့ ​နောက်​ကျ​နေပြီဖြစ်​ရာ ​လော​လော ​လော​လောဖြင့်​လမ်း​လျှောက်​လာစဉ်

"အင့်​... အွတ်​...."

လူတစ်​​ယောက်​ကိုတိုက်​မိ​လေသည်​။ ​သေချာကြည့်​လိုက်​​တော့ ​ကောင်​​လေးတစ်​​ယောက်​ သူ့ထက်​ ငယ်​မည်​ထင်​သည်​။ ဒါနဲ့သူလည်း

"ညီ... ရရဲ့လား... အကိုလည်း​လောသွားလို့.. ​ဆောတီး​နော်​"

ထို​ကောင်​​လေးက သူ့အားရွံသလိုပုံစံဖြင့်​ကြည့်​ကာ လဲကျရာမှထပြီး ဖုန်​ခါရင်း

"ရပါတယ်​.... ကိစ္စမရှိဘူး... ​နောက်​ဆို လမ်းသွားရင်​ ဂရုစိုက်​သွား လူမို့လို့ ခင်​များဘာမှဘာမှမဖြစ်​တာ။ ကားသာဆိုရင်​ အခု​လောက်​ဆို​သေ​နေပြီ"

ကြိုး.... (Completed)Where stories live. Discover now