(၁၃) ဇာတ်​သိမ်း

3K 85 14
                                    

"အကို ကျွန်​​တော့ကို တကယ်​အချစ်​စစ်​အချစ်​မှန်​နဲ့ ချစ်​ခဲ့တယ်​ဆိုရင်​ ခုမင်္ဂလာပွဲကို လက်​ခံ​ပေးပါ။ အဲ့လိုမှမဟုတ်​ဘူးဆိုရင်​​တော့ ကျွန်​​တော်​ အကို့အနားက​နေ ထွက်​သွားရလိမ့်​မယ်​ အကို..." တဲ့

နှောင်​ကြိုးက မင်းမုန်းမာန်​ သူ့အားချည်​​သော သံ​ယောဇဉ်​ကြိုးကို ဝလ္လာထက်​ရဲ့လည်​ပင်းမှာ ပြန်​ချည်​​ပေးလိုက်​သည်​။ ဝလ္လာထက်​တစ်​​ယောက်​ အသက်​မပါ​သော ခန္ဓာကိုယ်​တစ်​ခုလို နှလုံးသားမပါ​သော စက်​ရုပ်​တစ်​ရုပ်​ကို ရခဲ့​လေပြီ။

"​ပြောရက်​လိုက်​တာ​နှောင်​ကြိုးရာ.... ကိုယ့်​မှာ​တော့ မင်းကို ချစ်​လိုက်​ရတာ။ မင်းက​တော့ ကိုယ့်​ကိုချစ်​တဲ့သူကို တခြားတစ်​​ယောက်​လက်​ထဲ ထည့်​​ပေးလိုက်​တယ်​... မင်းသိပ်​ကိုရက်​စက်​တယ်​​နှောင်​ကြိုး..."

မင်းမုန်းမာန်​ မျက်​ရည်​တို့က စီးကျလာ​လေ​တော့သည်​။ ဝလ္လာထက်​မှာ ရင်​တမမဖြင့်​ သူ့အားဂရုစိုက်​ကာကြည့်​​နေရာမှ

"ဟင်​... ကိုမင်းမုန်းမာန် ရှင်​... ရှင်​... ငို​နေတယ်​"

"ဟုတ်​တယ်​ ဝလ္လာထက်​... မင်း​ပျော်​လိုက်​​တော့... မင်းရဲ့ဆု​တောင်း​တွေပြည့်​သွားပြီ.. မင်း​ပြောခဲ့သလိုဘဲ အချစ်​ကငါ့ကို ဒဏ်​ခတ်​လိုက်​ပြီ"

"အကို... ကျွန်​မစိတ်​မ​ကောင်းပါဘူး... အဲ့ဒီတုန်းက ကျွန်​မရဲ့သိက္ခာကိုထိခိုက်​ခဲ့လို့ ကျွန်​မ​ဒေါသထွက်​ပြီး​ပြောခဲ့မိတာပါ။ မရည်​ရွယ်​ပါဘူး... တကယ်​ပါ"

ဒီလိုနဲ့ သူနဲ့ဝလ္လာတို့မင်္ဂလာပွဲ​နေ့ပင်​​ရောက်​ခဲ့ပြီ။ ​နှောင်​ကြိုးရဲ့ဆန္ဒအရ သတို့သားအရံလုပ်​ဖို့ကို မင်းမုန်းမာန်​ သ​ဘောတူခဲ့ရသည်​။ မင်းမုန်းမာန်​ထိုကိစ္စကို လုံးဝမ​ကျေနပ်​ပါ။

"ဒါဘာသ​ဘောလဲ​နှောင်​ကြိုး ဟင်​"

"ဘာကိုလဲ အကို"

နှောင်​ကြိုးမှာ အရင်​ကထက်​ပင်​ ပို၍တည်​ငြိမ်​​နေသ​ယောင်

"ငါ့ကို ဝလ္လာနဲ့လက်​ထပ်​ဖို့ မင်းတွန်းအား​ပေးခဲ့တဲ့ကိစ္စ အဲ့ဒါကို​မေးတာ"

ကြိုး.... (Completed)Where stories live. Discover now