(၉)

1K 46 0
                                    


"ဘယ်​လို ဒါဆို ​နှောင်​ကြိုးက နိုင်​ငံခြားကိုသွားရ​တော့မှာ​ပေါ့.. ဟိုမှာဘယ်​​လောက်​ကြာ​အောင်​​ နေရမှာလဲ"

"ဟုတ်​တယ်​ကိုကို ​မေ​မေစီစဉ်​ထားတာ ပြန်​လာဖို့​တောင်​ ​သေချာရဲ့လားမသိဘူး... ​နောက်​လထဲ​လောက်​သွားရမယ်​ထင်​တယ်​"

"ဒါဆို ​နှောင်​ကြိုးကသွားမှာလား"

"​နှောင်​ကြိုး ကိုကိုနဲ့မခွဲနိုင်​ဘူး..."

ဖန်​​နေဝန်းလည်း ​သေချာစဉ်းစားပြီး​နောက်

"သွားလိုက်​ပါ​နှောင်​ကြိုး... ကိုကိုတို့ အခုချိန်​​ပေါင်းစည်းဖို့မဖြစ်​နိုင်​​သေးဘူး... ကိုကို​ရော ​နှောင်​ကြိုးပါ ဒုက္ခ​ရောက်​သွားနိုင်​တယ်​"

"ဒါ​ပေမဲ့ကိုကိုရယ်​"

"ကဲပါက​လေးရာ ကိုကို့စကားကိုနား​ထောင်​ပါ။ ကိုကိုက​လေးနဲ့နီး​အောင်​ အစွမ်းကုန်​ကြိုးစားမယ်​။ အခုချိန်​မှာခွဲခွာရတာ တစ်​​နေ့​နေ့နီးဖို့အတွက်​ဆိုတာ က​လေး​လေးမှတ်​ထား​ပေးပါ"

"​ကောင်းပါပြီ ကိုကိုရယ်​... ကျွန်​​တော်​ ကိုကို့စကားကိုနား​ထောင်​ပါ့မယ်​"

"လိမ္မာလိုက်​တဲ့က​လေး​လေး"

နှောင်​ကြိုးရဲ့ကိုယ်​လုံး​လေးကို သူ့ရင်​ခွင်​ထဲ ​ထွေး​ပွေ့ထားလိုက်​မိသည်​။ ​နှောင်​ကြိုး ဝမ်းနည်းလာ၍ မျက်​ရည်​တို့က မျက်​ဝန်းအိမ်​ထဲမှ လျှံကျလာသည်​။ ဖန်​​နေဝန်းကိုယ်​တိုင်​လည်း မျက်​ရည်​တို့ကစီးကျ​နေ​လေသည်​။

*တကယ်​တမ်း ခွဲခွာရ​တော့မည်​ဆိုပါလျှင်​ အဘယ်​လူသားကများ ဝမ်းမနည်းဘဲ​နေနိုင်​ပါမည်​လဲ။ ​သေကွဲ ကွဲရသည်​ထက်​ ရှင်​ကွဲကွဲရသည်​က ပို၍ပင်​ခံစားရသည်​။ အချစ်​စစ်​မှန်​လျှင်​ လမ်းတို့သည်​ ​ဖြောင့်​ဖြူးသည်​ဟူ၍မရှိ။ သို့​သော်​လည်း အမြဲတမ်း ကြမ်းတမ်း​နေရမည်​ဟုလည်းဆိုမရ​ပေ....
သူတို့ကိုယ်​တိုင်​ ခိုင်​မာ​အောင်​ ချည်​​နှောင်​ခဲ့​သော သံ​ယောဇဉ်​​ကြိုးက သူတို့ကို စွပ်​မယ့်​ကြိုးကွင်းတစ်​ခု ဖြစ်​​စေခဲ့သလား မ​ပြောတတ်​​တော့။
သူတို့ဖက်​ပြီး ငို​နေကြမိသည်​။ အနည်းငယ်​ကြာ​တော့မှ လူချင်းခွာလိုက်ပြီး ​နှောင်​ကြိုးရဲ့ပုခုံး​လေးကိုကိုင်​ကာ ကြင်​နာစွာကြည့်​ရင်း

ကြိုး.... (Completed)Where stories live. Discover now