(၈)

1.1K 52 3
                                    

နှောင်​ကြိုး သူ​ပြောသည်​ကိုနားမလည်​​ပေ။ ထိုသူကလည်း စကားဘဲနည်းတာလား သူ့ပုံစံကိုက ​အေးတိ​အေးစက်​နိုင်​တာလား ​နှောင်​ကြိုး မစဉ်းစားတတ်​​တော့​ပေ။ စိတ်​မရှည်​သည့်​အဆုံးတွင်​​တော့ သူ့အား​မေးလိုက်​မိ​တော့သည်​။

"ဒီမှာ ခင်​များကြီး​ပြောတာ ဘာအဓိပ္ပါယ်​လဲ။ ကျွန်​​တော်​နားလည်​​အောင်​လည်း ရှင်းပြပါဦး။ ကျွန်​​တော့်​ကို​ရော ဘာလို့ နမ်းလိုက်​တာလဲ"

သူ့အား နှုတ်​ခမ်း​လေးစူကာ စိတ်​ဆိုးဟန်​ဖြင့်​ ​ပြော​နေ​သော ထို​ကောင်​​လေးရဲ့နှုတ်​ခမ်း​တွေကို ထာဝရပိုင်​ဆိုင်​ချင်​မိ​နေသည်​။ မည်​မျှကြာ​အောင်​ ​ငေး​နေမိသည်​မသိ ထို​ကောင်​​လေးရဲ့ စကားသံလွင်​လွင်​​လေး ထပ်​မံ​ပေါ်ထွက်​လာ​တော့မှ သူအသိပြန်​ဝင်​လာသည်​။

"ဟာ... ​ဟေ့လူကြီး ခင်​များကြီးကို​မေး​နေတာ​လေ မကြားဖူးလား။ အဲ့​လောက်​စိုက်​ကြည့်​မ​နေနဲ့ဗျ ကျွန်​​တော်​မ​နေတတ်​ဘူး"

"ဪ ဟုတ်​သား... ​ဆောရီးညီ အကို​လေ ညီ့ကို ​ပြောစရာ​တွေအများကြီးရှိတယ်​။ အဲ့ဒါက​လေ ဒီ​နေရာမှာ​ပြောဖို့ အဆင်​မ​ပြေဘူး။ ညီအဆင်​​ပြေမယ့်​ရက်​ အကိုနဲ့အပြင်​မှာ​တွေ့ရ​အောင်​လား။ ဘယ်​​နေ့အဆင်​​ပြေမလဲ"

"ဒီအပတ်​ စ​နေ​နေ့ ဧည့်​​တွေ့ချိန်​ရှိတယ်​...."

"​ကောင်းပြီ​လေ.... အကိုလာ​ခေါ်မယ်​...."

သူလှည့်​ထွက်​​ပေမယ့်​ ​နောက်​က ထို​ကောင်​​လေးကလှမ်းဆွဲကာ မမီမကမ်းနှင့်​ သူ့နှုတ်​ခမ်းအားနမ်းပြီး​နောက်​...

"အဲ့ဒါ ကျွန်​​တော့်​ကို စိတ်​ကသိက​အောက်​ဖြစ်​​အောင်​လုပ်​တဲ့အတွက်​ ​နောက်​ပြီး ကျွန်​​တော့်​ကို အ​ကြောင်းမဲ့နမ်းလို့ ကလဲ့စားပြန်​​ချေတာ"

ပြောချင်​ရာ​ပြောပြီး ​ဘောက်​ဆက်​​ဘောက်​ဆက်​ထွက်​သွား​သော ထို​ကောင်​​လေးရဲ့​ ​နောက်​​ကျောကိုကြည့်​ရင်း သူ့နှုတ်​ခမ်း​လေးကို လက်​ဖြင့်​အသာအယာထိလိုက်​​တော့ မဆီမဆိုင်​ ဘယ်​ဘက်​ရင်​အုံက တစ်​ချက်​ထခုန်​သွားသည်​။
တွေ့ရမယ့်​ရက်​​တွေကိုသာ ​ရေတွက်​ရင်း အလွမ်းခန်း​တွေကို ဖြတ်​​ကျော်​ရ​ပေဦးမည်​​လေ.....
နှောင်​ကြိုး စိတ်​​တွေက စ​နေ​နေ့ဆီသို့​ရောက်​​နေ​လေသည်​။

ကြိုး.... (Completed)Where stories live. Discover now