Counting I

2.1K 152 2
                                    

ရေတွက်​ခြင်း ၁ ...

×××××

"တစ်​... နှစ်​ ... သုံး ... "

"ရပြီ ... ဒီ​လောက်​ဆို မှတ်​မိတယ်​ ... "

သစ်​ပင်​​ကို ဓား​လေးနဲ့ခြစ်​ရင်း အမှတ်​အသားလုပ်ေ​​န​သော အသက်​၁၅ နှစ်​အရွယ် ​ ​​ကောင်လေးတစ်​​ယောက်​ ...

"စခန်းက​နေ ခိုးထွက်​လာတာကို appa သိရင်​ဆူ​တော့မှာပဲ ..."

အမှတ်​အသားလုပ်​​နေ​ရာမှ ခဏ​တွေ​ဝေမိသည်​ ...

"Arshi .. မသိ​လောက်​ပါဘူး ... ခဏပဲ သွားပြီး
ပြန်​လာမှာပဲကို ... "

တွေ​ဝေစရာ​တွေကို ​ခေါင်းထဲကထုတ်​ပြီး သူ​ရောက်​ချင်​​တဲ့
တစ်​ခုတည်း​သော ​နေရာဆီကို ဦးတည်​ခဲ့သည်​ ...

၁၅ မိနစ်​​လောက်​ကြာ​တော့ သစ်​ပင်​​တွေနဲ့ အုပ်​​နေ​သော ​နေရာ​လေးတစ်​ခုကို​ ​တွေ့ရသည်​ ..

"​​ရေး ... ​နောက်​ဆုံး​တော့ ​ရောက်​ပြီကွ ... "

လက်​ထဲက ဓားတစ်​လက်​နဲ့ သစ်​ပင်​ချုံနွယ်​​တွေကို
အနည်းငယ်​ရှင်းလိုက်​​တော့ လှပစွာ တည်​ရှိ​နေတဲ့ စိမ်​လဲ့​နေ​သော
ရေတံခွန်​တစ်​ခု ...

အံ့သြမှင်​သပ်​စရာ​ကောင်းလှတဲ့ ​ရေတံခွန်​ကိုကြည့်​ပြီး
အ​တော်​ကြာသည်​အထိ မလှုပ်​နိုင်​​သေး ..

"ဝါး ... လှလိုက်​တာ ..."

စဉ်းစားမ​နေ​တော့ပဲအကျီင်္ကို ချွတ်​ပြီး ​ရေတံခွန်​မှ စီးကျလာ​သော
ရေထဲမှာ ကူးခတ်​လိုက်​သည်​ ...

"​ပျော်​လိုက်​တာ ..."

"ဗွမ်း .."

အ​နောက်​ဘက်​မှ "ဗွမ်း " ဆိုတဲ့ အသံကြားရတာ​ကြောင့်​လှည့်​ကြည့်​မိ​တော့ သူ့လိုမျိုး​ရေကူး​နေတဲ့ ရွယ်​တူ
ကောင်​​လေး~

"​ဟေး ... "

ထို​ကောင်​​လေးမှ လှမ်း​ခေါ်လိုက်​​တော့ ဘာလုပ်​လို့လုပ်​ရမှန်းမသိ။

Call Me By CountingWhere stories live. Discover now