ရေတွက်ခြင်း နှစ် ....
×××××
ဒီနေ့နဲ့ဆိုရင် တစ်ပတ်တိတိပြည့်ခဲ့ပြီ ...
JongIn ဆိုသော ကောင်လေးနဲ့ ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်တာ
ဒီနေ့ ၇ ရက်ပြည့်ပြီ ...။ အခြေအနေတင်းမာတဲ့ မြောက်ကိုရီးယားက
ကျွန်တော်နဲ့ တောင်ကိုရီးယားက JongIn က သူငယ်ချင်း
ဖြစ်တယ်ဆိုတာက ...နည်းနည်းတော့ အံ့သြဖို့ကောင်းသား ..ဘာပဲဖြစ်ဖြစ်ပါလေ ... အခုတော့ JongIn ဆီ သွားရမယ်..
တက်ကြွသော ခြေလှမ်းတွေနဲ့အတူ
အမှတ်အသားလုပ်ထားတဲ့ သစ်ပင်လေးတွေကို ကြည့်ရင်းJongIn စောင့်နေမယ့် နေရာဆီကို ဦးတည်ခဲ့သည် ...
ထိုနေရာလေးက ကျွန်တော်တို့နှစ်ယောက်အတွက် အမှတ်တရ
အများကြီးရှိတဲ့နေရာလေးပင် ..။နှစ်နိုင်ငံရဲ့ ကြားထဲမှာ တည်ရှိနေတဲ့ နေရာလေးတစ်ခု ...
တစ်နည်းပြောရရင် နယ်စပ်လိုနေရာလေးပေါ့ ..ဒီတစ်ပတ်အတွင်းထိုနေရာကိုပဲ
အခေါက်ခေါက်အခါခါသွားခဲ့ရတော့
ထိုနေရာမှကြွေကျထားသော သစ်ရွက်လေးပေါ်က ခြေရာလေးတွေက
အမှတ်အသားတစိခုလို ဖြစ်နေသည် ...ဒါပေမယ့် ... ကျွန်တော် ဝမ်းနည်းတာ တစ်ခုက ..
ဘယ်လောက်ပဲ ထိုနေရာကို အခေါက်ခေါက်အခါခါသွားခဲ့စေမူ
ထိုနေရာကို လုံးဝမမှတ်မိပါ...
ကျွန်တော့်ရဲ့ အားနည်းချက်က
လမ်းပျောက်တတ်တာဖြစ်သောကြောင့်.
အမှတ်အသားမလုပ်ထားတဲ့ နေရာတွေဆို မသွားနိုင် ...
ကုန်ကုန်ပြောရရင် ကျွန်တော့်အိမ်ရှိတဲ့ လမ်းကိုတောင် မမှတ်မိ..
ဒါ့ကြောင့် တစ်နေရာရာသွားရင် အမှတိအသားလုပ်ပြီးမှ
သွားတတ်သော ကလေးတစ်ယောက်လို ဖြစ်နေခဲ့သည်..
YOU ARE READING
Call Me By Counting
Fanfiction"Hyung ရဲ့ အိမ်မက်က ဘာလဲဟင် .." "ငါက ... လူတွေရဲ့ အသက်ကို ကယ်တင်ချင်တဲ့ ဆရာဝန် ဖြစ်ချငိတာ ..မင်းကရော .. "လူနာ .." "ဘာရယ် .." "လူနာလေ. .. Hyung ကယ်တင်မယ့် လူနာ ဖြစ်ချင်တာ .." .....................×××××××××××...............