ရေတွက်ခြင်း ငါး ...
×××××
ပြေးထွက်သွားသော ကျောပြင်အား ငေးကြည့်ရင်းနဲ့ မျက်နှာပေါ်က
စိုစွတ်စွတ်အရာကို လက်နဲ့သုတ်လိုက်တော့ လက်ဖမိုးပေါ်မှာ
ခပ်ရွှဲရွှဲအရည်များကပ်ပါလာသည်..."ဘုရားရေ သူငိုနေတာပဲ "
လက်ဖမိုးပေါ်က မျက်ရည်များကိုကြည့်ပြီး ကိုယ့်ကိုယ်ကို
မယုံကြည်နိုင် ....ရင်ဘက်ထဲမှာ တစ်ခုခုက နာကျင်အောင် ထိုးဆွနေသလိုလို ...
မျက်ရည်တွေကို အကျီ င်္အနားစနဲ့ပွတ်ဆွဲကာ သုတ်လိုက်ပြီး
အဖွားရဲ့အခန်းထဲမှ ထွက်လာခဲ့သည် ...ဟိုကြည့်သည်ကြည့်ဖြင့် ထိုလူအားရှာပေမယ့်
အရိပ်အယောင်လေးတောင်မတွေ့ ....ညနေစောင်း ကျွန်တော်ပြန်တဲ့အထိ ထိုသူအားနောက်ထပ်
မတွေ့ရတော့ပါ။×××××
အိမ်ပြန်ရောက်တော့ အန်တီက ထိုအကြောင်းတွေကိုမေး၏ ...
ဦလေးနဲ့ အန်တီစကားပြောနေတုန်း
ကျွန်တော်က အိမ်ပ်ါတက်ပြီး အနားယူလိုက်သည်။
တုန်ယင်နေသယောင်ရှိတဲ့ အသံကို ခုထိကြားယောင်မိသည်. ..
မျက်ရည်အချို့တွဲခိုနေသယောင်ရှိတဲ့ မျက်ဝန်းက မျက်စိထဲက
ထုတ်မရ။
ပြေးထွက်သွားသော ကျောပြင်ကိုလည်းခုထိ မြင်ယောင်နေဆဲ။"JongIn yrrr ဘယ်ရောက်နေလဲဟင်
Hyung မတွေ့အောင်ပုန်းနေတာမဟုတ်ဘူးမလား "ထိုပုံရိပ်တွေက JongIn. ကို တမ်းတစေသည်။
သူများတွေအတွက်တော့
အမှတ်ရလောက်အောင် မထူးခြားခဲ့တဲ့ အတိတ်တစ်ခုဖြစ်နိုင်ပေမယ့်
ကျွန်တော့်အတွက်က အရမ်းက်ု တန်ဖိုးရှိလွန်းသည်. ..ပျော်စရာတွေကိုပြန်တွေးမိတော့ ရင်ဘက်ထဲဝမ်းနည်းမှုက
မျက်နှာပေါ်ကိုကျရောက်လာသည်။
မှုန်ဝါးဝါး အတိတ်ကို သူများ မေ့လိုက်ပြီလားဆိုသော
အတွေးက အကြိမ်ကြိမ်အလဲထိုးနေသည်။ပေါင်ပေါ်ခေါင်းအုံးပြီး စာအုပ်ဖတ်ပြခိုင်းတဲ့ JongIn ကိုလွမ်းသည်။
စာအုပ်မဖတ်ပြလို့ နမ်းမယ်ဆိုပြီး ခြိမ်းခြောက်တတ်တဲ့ JongIn ကို
လွမ်းသည်။
ကျွန်တော်အိပ်နေတိုင်း ခိုးနမ်းနေကြ ကောင်လေးက်ုတွေ့ရင်ပြောပေးပါ *Hyung မင်းကို လာရှာနေတယ်လို့ *
YOU ARE READING
Call Me By Counting
Fanfiction"Hyung ရဲ့ အိမ်မက်က ဘာလဲဟင် .." "ငါက ... လူတွေရဲ့ အသက်ကို ကယ်တင်ချင်တဲ့ ဆရာဝန် ဖြစ်ချငိတာ ..မင်းကရော .. "လူနာ .." "ဘာရယ် .." "လူနာလေ. .. Hyung ကယ်တင်မယ့် လူနာ ဖြစ်ချင်တာ .." .....................×××××××××××...............