Counting SEVEN [Z×U]

280 47 5
                                    

ရေတွက်ခြင်းခုနစ်

×××××

KyungSoo ဒီအိမ်ကိုရောက်တာ တစ်လရှိပြီဖြစ်ပေမယ့် အဖွားရဲမြေးဖြစ်သူကိုတော့ ဟိုတစ်ခါနောက်ပိုင်းမတွေ့တော့. ..

မတွေ့တာထက် မျက်နှာချင်းမဆိုင်မိတာဆို ပိုမှန်လိမ့်မည်။ သူက သိသိသာသာရှောင်သလိုခံစားရတာမို့လို့ အတင်းကြီးခေါ်ပြီးလဲမမေးချင် ...

ဒါပေမယ့် သူ့အဖွားဆီကိုတော့ခဏခဏလာပြီး
အချိန်ကုန်ဆုံးပေးတတ်သည်။ သူအဖွားဆီကိုလာတဲ့အခါတိုင်း ကျွန်တော်က တံခါးနားကနေ ချောင်းကြည့်တတ်သည်။

"အော် KyungSoo လေး ဘာအလိုရှိလို့လဲ "

"မရှိပါဘူး ... အဖွားနဲ့သူ့မြေးနဲ့ အတူတူရှိနေတာမို့လို့ ရှောင်ပေးနေတာ "

KyungSoo က လည်ပင်းလေးကို ပွတ်ပြီး ခပ်ဟဟလေးရယ်ကာပြောလိုက်တော့ အန်တီကြီးက ရေခဲသေတ္တာထဲက ဖျော်ရည်ယူပြီး ထည့်ပေး၏။

"သောက်ပါ ... ဂရိတ်ဖရုဖျော်ရည်လေ ကျန်းမာရေးအတွက်ကောင်းတယ် "

"ဟုတ် ကျေးဇူးတင်ပါတယ်"

"ဒါနဲ့ ... အဖွားရဲ့မြေးကလေ ဘာလုပ်တာလဲဟင် ... စပ်စုတယ်လို့မထင်နဲ့နော် သူပြန်လာတိုင်း လက်မှာ ဒဏ်ရာတွေအမြဲရလာလို့ ... အဲ့တာကြောင့်ပါ "

အန်တီကြီးပေးတဲ့ ဖျော်ရည်လေးကို တစ်ငုံသောက်လိုက်ပြီး သိချင်တာတွေမေးလိုက်တော့ အန်တီကြီးက ဟိုကြည့်ဒီကြည့်နဲ့ သူ့အနားကိုရောက်လာသည်။

"အစ်ကိုလေး Kai က လက်ဝှေ့ထိုးတာလေ ...
နောက်နှစ် ချန်ပီယံပြိုင်မှာ ... "

တိုးတိုး တိုးတိုးနဲ့ပြောတဲ့ အန်တီကြီးကြောင့် KyungSoo အသံမထွက်ပဲ ခေါင်းညိမ့်ပြလိုက်သည်။

အံ့သြသွားတာတော့အမှန် ~

"နာမည်က Kai တဲ့လား "

ဒီတစ်ခါတော့ KyungSoo ကြောင့် ထိုအန်တီကြီးအံသြသွားလေရဲ့ ...

"KyungSoo လေးက မသိဘူးလား .. အစ်ကိုလေး Kai နာမည်ကို "

"ဟုတ် ... သူနဲ့သိပ်ပြီးမတွေ့ဖြစ်တော့ သေချာမသိလို့ "

"Kai ဆိုတာက သူလက်ဝှေ့ထိုးတဲ့အခါ သုံးတဲ့နာမည်လေ ... နာမည်အရင်းကသက်သက်ရှိတယ် ~ ဒါပေမယ့် အဲ့နာမည်ကို သူလက်ဝှေ့စထိုးကထဲက မခေါ်ခိုင်းတော့တာ ... "

You've reached the end of published parts.

⏰ Last updated: Mar 26, 2020 ⏰

Add this story to your Library to get notified about new parts!

Call Me By CountingWhere stories live. Discover now