Part 1

10.4K 270 9
                                    

ကန်​​ရေပြင်​က​နေ ဖြတ်​ပြီး တိုက်​ခတ်​လာ​သော ​လေ​ပြေ​အေးတို့က သူမ မျက်​နှာဆီ တိုးဝင်​လာ​လေသည်​​။ ကို နှင့်​ လမ်းခွဲပြီးထဲက ညှပ်​ပစ်​လိုက်​​သော​ကြောင့်​ ခပ်​တိုတို ဆံပင်​တို့က ​လေတိုက်​တိုင်း မျက်​နှာထက်​ ဝဲ​နေ၏။
အချစ်​ဦးမို့ ....စူးနင့်​​အောင်​ ​ကြေကွဲခဲ့ရသည်​။ ခံစားခဲ့ရပြီးပြီ။ကြာလာသည်​နှင့်​အမျှ အချိန်​က ကုစားခဲ့ပြီ​လေ။ တစ်​ခါတစ်​ရံ သတိရမိသည်​မှ လွဲ၍ သူမ ခံစားချက်​တို့ အနည်​ထိုင်​​နေပြီ​လေ ။

ထိုမှ အပြန်​ စိတ်​​ပြေလက်​​ပျောက်​ Cafe တစ်​ခုထဲဝင်​ကာ black coffee တစ်​ခွက်​ ​သောက်​​နေမိ၏ ။

အခါးမကြိုက်​​သော သူမ​တောင်​ အခါး​တွေ ချစ်​​နေမိပြီပဲ။

ဆူးနစ်​ ကိုယ့်​ကိုယ်​ကို ​တွေးရင်း ရယ်​မိသည်​။

cafe မှန်​တံခါးက​နေ ကြည့်​မိလိုက်​​တော့
ပတ်​ဝန်းကျင်​က မှုန်​မှိုင်းလာသည်​။ မိုးပင်​ ရွာ​တော့မည်​လား ။

"ဟက်​.... "
သူမ ရယ်​မိပြန်​သည်​။ လမ်းခွဲခဲ့သည့်​​နေ့က မိုး​တွေ ရွာခဲ့သည်​​လေ...။

မိုး​ရေစက်​​တွေနဲ့ အတူ ကျခဲ့တဲ့ သူမ မျက်​ရည်​​တွေ....။ အခု​တော့ ပြီးဆုံးခဲ့ပြီ...။ သူမ ရင့်​ကျက်​လာပြီပဲ။

ဟော...... တ​ဖြေး​ဖြေးနဲ့ မိုးစက်​​တွေ ​ကြွေကျလာပြီ...။ မှန်​တံခါးဆီ ရိုက်​ခတ်​လာ​သော မိုး​ရေစက်​​တွေကို ကြည့်​​နေရင်း

မှန်​ချပ်​၏ အလွန်​ လမ်းတစ်​ဖက်​က bus မှတ်​တိုင်​ဆီ အာရုံစိုက်​မိသွားသည်​။

အထုပ်​​တွေမနိုင်​မနင်းနှင့်​ မိုးရွာလာ​သော​ကြောင့်​ ထီးကလဲမပါ ....

ဗရုတ်​သုတ်​ခ နိုင်​​နေ​သော က​လေးမ တစ်​​ယောက်​....။

"ကျွတ်​စ်​.... အထုပ်​​တွေ​ရော လူ​ရော မိုးစို​တော့မှာပဲ..."

စိတ်​က ​နောက်​ .. လူက လမ်းတစ်​ဖက်​ကူးကာ သူမဆီ ထီးသွား​ပေးလိုက်​သည်​။
ဘာ​ကြောင့်​မှန်း မသိ...။

လိုအပ်​တာ​တွေ ဝယ်​ပီး ပြန်​အလာ ရုတ်​တရက်​ ရွာချလာ​သော မိုး​ကြောင့်​ ယွန်းဆက်​ စိတ်​ညစ်​​နေမိသည်​။ လျှပ်​ပြာ လျှပ်​ပြာ နိုင်​ကာ မိုးတွင်းကြီးကို ထီးကလည်း မယူခဲ့ဖြစ်​။

သက်​ပြင်းသာ တွင်​တွင်​ချရင်း ပြာယာခတ်​​နေမိသည်​။

"ဒီအထုပ်​​တွေနဲ့ ဒီမိုးနဲ့  ငါ​တော့ ...... ဟူး....စိတ်​ဆင်းရဲပါတယ်​...."

ရုတ်​တရက်​ မျက်​စိ​ရှေ့​ရောက်​လာ​သော အကြည်​​ရောင်​ ထီး​လေး တစ်​လက်​...

"​ရော့.... မိုးရွာ​နေတာ ထီးမပါလာဘူး မလား..."

ကြည်​လင်​ပြတ်​သားကာ အနည်းငယ်​ မာ​သော အသံ​ကြောင့်​ ​မော့ကြည့်​မိလိုက်​သည်​။

ဆံပင်​က ခပ်​တိုတိုနှင့်​ .... ကြည့်​​ကောင်းသည်​။ shirt အနက်​​ပြောင်​ကို ဝတ်​ဆင်​ထားကာ လက်​ကို တံ​တောင်​အထိ ​ခေါက်​တင်​ထားသည်​။ ​ပြင်​ပြင်​ဆင်​ဆင်​မရှိ​သောလည်း မျက်​နှာက ခပ်​သွယ်​သွယ်​​လေး နှင့်​ ရှင်း​နေသည်​။
တစ်​ခုပဲ..။ တည်​​နေ​သော မျက်​နှာထား​ကြောင့်​ ယွန်းဆက်​ လန့်​​နေမိသည်​။

"ယူ​လေ.... ဘာ​ကြောင်​​ကြည့်​​နေတာလဲ..."

လူကို ခပ်​တည်​တည်​​အော်​လိုက်​​သော​ကြောင့်​ ​ကြောင်​ပီး သူ​ပေး​သော ထီးကို ဆွဲယူလိုက်​မိသည်​။

စိတ်​နှင့်​လူနှင့်​ မကပ်​မိ​သေး။

ထီး​ပေးပြီး ဘာမှမ​ပြောပဲ ထွက်​သွားသည်​။

"ဟယ်​.... ​ဟေ့လူ... ထီး​လေ... "

အော်​မဆုံး​သေး ။
လူကို တစ်​ချက်​​တောင်​ မကြည့်​ဘဲ လာ​သော bus ​ပေါ် တက်​သွား​လေသည်​။

"ကျွတ်​စ်​ ...ဘယ်​လိုလူလဲဟ....
ထီး​ပေးတာ ​ကျေးဇူးတင်​ချင်​​ပေမယ့်​ ဟွန်​... လူက ​ချေလိုက်​တာ..."

ပွစိ ပွစိ​ပြောရင်း အိမ်​ကိုသာ ပြန်​လာခဲ့​တော့သည်​....။

ထီး​လေးနှင့်​အတူ ထီးပိုင်​ရှင်​ ခပ်​​ချေ​ချေ လူတစ်​​ယောက်​ အ​ကြောင်းကလည်း သူမ စိတ်​ထံ အ​တွေး​တွေဝယ်​ ​နေရာယူ​နေ​လေသည်​...။

ထို​နေ့က မိုး​ရေစက်​​တွေ သိပ်​ လှပခဲ့သည်​....။




💙💙💙
Kuromi💙

နှလုံးသားနှင့်​...ရင်း၍... <Hiatus>Место, где живут истории. Откройте их для себя