Part 4

2.9K 205 7
                                    

ဆူးးနစ်​ စိတ်​ပူ​နေမိသည်​။ EC မ က ​တော့ လိုက်​စ​နေသည်​။ ဒါ​တွေသည်​ အခု​ခေတ်​တွင်​ သိပ်​မထူးဆန်း​တော့ပါ​လေ...။

သို့​သော်​.....

သူမ​လေးသည်​ ငယ်​​သေးသည်​။

မိမိသည်​လည်း ဒီလို ဖြစ်​လာမည်​ဟု မ​တွေးထားမိခဲ့။ မဖြစ်​သင့်​ပါ​လေ...။
အခက်​အခဲတို့သည်​ များပြားလွန်းသည်​။ မိမိက ပတ်​ဝန်းကျင်​ကို သိပ်​အာရုံထားသည်​မဟုတ်​။

ECမ စိမ့်​သက်​နှင်း ​ပြောပြလို့ သူမ​လေးက First yearက princessဆိုတာလည်း သိထားပြီးပြီ။ Title ချိတ်​ထားလျှင်​ ပို၍ နာမည်​ကြီး​ပေဦးမည်​။

'ဟူး.....'

လေပူ​တွေကို မှုတ်​ထုတ်​ရင်း ​ရှေ့က Ice coffeeသည်​လည်း ရင်​မ​အေး​စေနိုင်​​တော့...။

စိတ်​ညစ်​၍ ECမ ကို ​ခေါ်ရင်း cafeထိုင်​မိသည်​။ သူက ဖုန်းတစ်​လူံးနှင့်​ Milkshakeတစ်​ခွက်​နှင့်​ မိမိကိုပင်​ အဖက်​မလုပ်​။

"ဟဲ့... ဆူးနစ်​.... နင်​တို့ သတင်း​တွေ ​ကျောင်း page ​တွေမှာ တက်​လာပြီ။
ဟိုက​လေးမက နင့်​ကို ​ကြွေ​နေတာလားပဲ...။ "

" ဖြစ်​စရာလားဟ... သူနဲ့ငါက ရင်းနှီး​သေးတာလဲ မဟုတ်​ဘူး။ နင့်​​ကြောင့်​... အက်​ဒါ... နင်​​ခေါ်လို့ ဖြစ်​ရတာ..."

"သူကိုယ်​တိုင်​ကျ လိုလိုလားလားကြီး မပါဝင်​ခဲ့တာကျ... နှစ်​ခါ​တောင်​ မ​ခေါ်ရတာကိုများ.."

"ဟူး.... ​တော်​ပါ​တော့ဟာ... ငါ ညစ်​​နေတာ...."

"ပုံ​လေး​တွေက လှသားဟဲ့....
တွဲလိုက်​ပါလား... က​လေးမ​လေးက ချစ်​စရာ​လေးကို...."

"ဟဲ့..."

အနားတွင်​ ရှိ​သော Menu စာအုပ်​နှင့်​ ​ကောက်​ထုလိုက်​ပါ​တော့သည်​။
စိတ်​ညစ်​တာများ ​လျော့မလား မှတ်​တယ်​..။

"ငါက lesbian မှ မဟုတ်​တာဟဲ့..."

"ဟိုက နမ်းသွားတာ နင်​ဘယ်​လိုမှ မ​နေဖူးလား...."

"ငါ့စိတ်​ထဲ မုန့်​ပဲ ထင်​​နေတာ .... မုန့်​ထင်​ပြီး......."

"အ​ရေးထဲ ငတ်​ကြီးကျ​နေ​သေးတယ်​....မုန့်​နဲ့ နှုတ်​ခမ်း​တော့ ခွဲခြား​ပေါ့ဟဲ့...
ရည်းစား မထားဖူးတာလဲ မဟုတ်​ဘူး..."

နှလုံးသားနှင့်​...ရင်း၍... <Hiatus>Hikayelerin yaşadığı yer. Şimdi keşfedin