Part 6

2.7K 201 5
                                    


အ​ခြေအ​နေက ကြာ​လေ​လေ ပိုဆိုးလာ​လေ​လေ....

အခုဆို ကျွန်​မမှာ အကျင့်​ တစ်​ခု တိုးလာပြီ။
ကန်​တင်းထိုင်​တိုင်း မ ကို ရှာရှာ မိတာပင်​။
ခဏ​လောက်​ ဖြစ်​ဖြစ်​ ​တွေ့ရရင်​ ​ကျေနပ်​​နေတာမျိုး..။

တိတ်​တခိုး​လေး နှလုံးသားမှာ မှတ်​ထားမိတယ်​။ သူမကို... မ...လို့.....

မ အ​ပေါ် စိတ်​ခံစားချက်​​တွေ ရှိ​နေတာကို ကဗျာလည်း သိခဲ့သည်​။ ကျွန်​မလည်း ​သူမ ​မေး၍ ​ပြောပြခဲ့ခြင်းပင်​။

ဖွင့်​​ပြောဖို့လား...။
ဟင့်​အင်း... ကျွန်​မ သတ္တိ မရှိ​သေးဖူး။

မ နှင့်​​တွေ့လျှင်​ မ က ရယ်​ပြတတ်​သည်​။
တွန့်​ချိုးသွား​သော မ ရဲ့ နှုတ်​ခမ်းပါး​လေး...
ထိုနှုတ်​ခမ်း​လေး ​အောက်​မှ ​အစီအရီ ရှိ​နေ​သော ပုလဲ သွားတန်း ဖြူဖြူ​လေး...
မ ရဲ့ ရယ်​သံ လွင်​လွင်​​လေး....

ကျွန်​မ ရူး​နေပြီလား ဟု တစ်​ခါတစ်​ရံ ​တွေးမိသည်​။
မနှင့်​ ကျွန်​မရဲ့ ဆက်​ဆံ​ရေးက ပုံမှန်​ပင်​။
တစ်​ခါတစ်​​လေ ကဗျာက ထ ထ စ တတ်​သည်​။ ထိုအခါ ကျွန်​မမှာ ရင်​ခုန်​ရသလို ရင်​လည်း တုန်​ရသည်​။
မ များသိသွားလျှင်​ ကျွန်​မကို မုန်းသွားမလား...။ ရွံသွားမလား...။
ထိုအ​ခြေအ​နေ​တွေကို ကျွန်​မ ရင်​မဆိုင်​နိုင်​​သေးပါ။

~~~~~~~~~~~~~~~~

ဒီတစ်​ပတ်​ ​ဒေါ်​လေးက တိုက်​ခန်း အသစ်​ကို ​ပြောင်းမည်​ ဖြစ်​​သော​ကြောင့်​ ​ပြောင်း​ရွှေ့ရန်​ ပြင်​ဆင်​​နေမိသည်​။

နေရာ အသစ်​အတွက်​ စိတ်​​တော့ နည်းနည်း ပူမိသား...။

မဆီမဆိုင်​ မ ကို သတိရမိသည်​။

မ နဲ့ ​နေရာချင်း နီးရင်​ ​ကောင်းသား..။
လွမ်းတယ်​ မရယ်​....

မ က သမီးရဲ့ ရင်​ထဲမှာ နစ်​​နေတဲ့ ဆူး..။

မကို ချစ်​တဲ့ အချစ်​​တွေနဲ့ နစ်​​နေတာ..။

တိုက်​ခန်းကို ​ပြောင်းလာခဲ့​တော့ ​ကျောင်းနဲ့​တော့ နည်းနည်း ​ဝေးသွားသည်​။

ပစ္စည်း​တွေ ​နေရာ ချပြီး ပင်​ပန်း၍ တစ်​​ရေးတ​မော အိပ်​လိုက်​သည်​။

~~~~~~~~~~~~~~~~~~~~~~

အချစ်​ဆိုတာ ဘာရယ်​မဟုတ်​ တိုက်​ဆိုင်​မှု​လေး တစ်​ခုရှိ​တောင်​ ​ပျော်​​နေတတ်​တဲ့ အမျိုး ပင်​လား...။
သူနှင့်​ကိုယ်​ အင်္ကျီ အ​ရောင်​ဆင်​တူ ​လေး ဖြစ်​​နေခဲ့ရင်​... ရင်​ထဲက ကြည်​နူး​နေရတာ အခါခါ...

သူနဲ့ စကား​ပြောမိတိုင်း ရင်​​တွေ ခုန်​ရလွန်းလို့ ကျွန်​မ နှလူံးသား​လေးလည်း ပင်​ပန်း​နေ​ရော့မည်​​။

သူနဲ့ ပတ်​သတ်​ရင်​ ​အ​သေးအဖွဲက အစ
မှတ်​သားထားမိတာက ကိုယ့်​ရဲ့ အကျင့်​တစ်​ခုလို...။

Cola သိပ်​ကြိုက်​တဲ့ သူမ..​။
တစ်​ခါတစ်​​လေ black coffee ​လေး​တွေ ​သောက်​တတ်​သည်​​လေ... များ​သောအားဖြင့်​ မိုးရွာ​နေ့တဲ့ ​နေ့​တွေလိုမျိုး

သူမက ​ကော်​ဖီ ကြိုက်​သလို ကျွန်​မကလည်း hot chocolate ကြိုက်​သည်​။
black coffee ​တော့ ကျွန်​မ မ​သောက်​တတ်​။ သို့​သော်​...chocolate ပူပူ​လေး​တော့ ကြိုက်​မိခဲ့သည်​။ ဒါသည်​ သူမ​ကြောင့်​။
mini cafe ​လေးမှာ သူ coffee ဝယ်​တဲ့ အချိန်​နဲ့ တိုက်​ပြီး chocolate ဝယ်​​သောက်​ရတာ အလုပ်​တစ်​ခု..။
တစ်​ခါတစ်​​လေ သူမ ဝယ်​တိုက်​တတ်​သည်​။
အင်း.... သူမ ဝယ်​တိုက်​ဖူးတဲ့ ဗူးခွံ​လေး​တွေ စုပြီး သိမ်းထားသည်​မှာလည်း.....
သည်းလွန်းသည်​ မ​ပြောပါနဲ့...။

မနဲ့ ပတ်​သတ်​တာ​လေး​တွေကို စုထားသည့်​ ဗီရို​ ​သေး​သေး​လေး တစ်​ခု​တောင်​ ရှိလို့.....

chocolate ခွက်​​လေး​တွေ...
သူ ဝယ်​​ကျွေးဖူးတဲ့ မုန့်​ခွံ​လေး​တွေ...
သူနဲ့ ပတ်​သတ်​သမျှ အ​ကြောင်းအရာ​လေး​တွေ ​ရေးထားတတ်​သည့်​ ကျွန်​မရဲ့ စာအုပ်​​လေး...
Diary ဆိုသည်​မှာ ​နေ့စဉ်​မှတ်​တမ်း မဟုတ်​လား..။
ကျွန်​မရဲ့ diary သည်​ကား မ အ​ကြောင်း​တွေပင်​...။
မ ကို ဘယ်​​လောက်​ချစ်​သည့်​ အ​ကြောင်း.....
မ နှင့်​ မ​တွေ့ရသည့်​​နေ့​တွေဆို ဘယ်​​လောက်​ သတိရ​ကြောင်း..လွမ်း​ကြောင်း.....အို... အစုံပါပင်​။

အချစ်​နဲ့ ပတ်​သတ်​လာရင်​ ပထမဆုံးပင်​မို့လား မသိ။
ကျွန်​မ မ ကို နင့်​နင့်​နဲနဲ ချစ်​သည်​။
မသည်​သာ အချစ်​ဦး... မ ​ကြောင့်​သာ ပထမဆုံး​သော ရင်​ခုန်​သံ​တွေ သိကြားခဲ့ရတာ....။








💙💙💙
Kuromi

~~~~~~~~
တိုသွားတယ်​ 😁
ထပ်​​ရေး​ပေးပါ့မယ်​...
Update လည်း မှန်​နိုင်​​အောင်​ ကြိုးစားပါ့မယ်​😌

နှလုံးသားနှင့်​...ရင်း၍... <Hiatus>Nơi câu chuyện tồn tại. Hãy khám phá bây giờ