Part 11

3.3K 218 15
                                    


" သမီး ယွန်းဆက်​..... ​သေချာ​နေ​နော်​....
ဒေါ်​လေးက မသွား​ပေမယ့်​ မဖြစ်​လို့ပါကွယ်​.... ဒီက သမီး​လေး ဆူးနစ်​....
ယွန်းဆက်​ကို ​စောင့်​​ရှောက်​​ပေးပါ​နော်​...
ဒေါ်​လေး ဒီသုံး လေးရက်​ပါပဲ.... "

အလုပ်​မှ အ​ရေးကြီး ကိစ္စဖြင့်​ ဘန်​​ကောက်​သို့  ခရီးသွားရမည်​ ဖြစ်​​သော​ကြောင့်
မှာ​နေခြင်းပင်​။

" ဟုတ်​ကဲ့ပါ အန်​တီ....
ယွန်းကို ​သေချာ ​ခေါ်ထားပါ့မယ်​..... "

" တံခါး​တွေ​ရော ​သေချာ ဂရုစိုက်​​နော်​....
ယွန်း​လေး..... သမီး ဆူးနစ်​ ကိုလဲ အရမ်း မဆိုးနဲ့​နော်​.....
သွားသာ သွားရတာ ငါစိတ်​မချဘူး ညည်းကို...ဟင်း...."

ဒေါ်​လေးရဲ့ စကား​ကြောင့်​ ယွန်းဆက်​တစ်​​ယောက်​ နှုတ်​ခမ်းစူသွား​လေသည်​။

" စိတ်​ချပါ ​ဒေါ်​လေးရယ်​....
သွားတာက ခဏ​လေးကို.... "

" ​အေးပါ.... ငါ သွား​တော့မယ်​ လိုက်​မပို့နဲ့​တော့.... ​ကောင်း​ကောင်း​နေ​နော်​..."

" ဟုတ်​..... "

မှာတမ်း​ခြွေကာ သွား​သော ​ဒေါ်​လေးကို ကြည့်​ရင်း ယွန်းဆက်​ သက်​ပြင်းချမိသည်​။
သွားမှာက သုံး ​လေး ရက်​​လောက်​ကို.....

အဟမ်း.... မ နဲ့ တူတူ ​သွား​နေရမှာ
သုံး ​လေး ရက်​​ပေါ့​နော့

ကိုယ့်​ အ​တွေးနဲ့ ကိုယ်​ သ​ဘောကျ​နေမိသည်​။

" ကဲ..... ယွန်း ..
ကိုယ့်​ အခန်း မှာ လိုက်​​နေမှာလား
ဒီမှာပဲ ​နေမလား... "

" မ အခန်းပဲ လိုက်​​နေမှာ​ပေါ့......ဒီမှာက
ယွန်း တစ်​​ယောက်​တည်း ​ကြောက်​တယ်
"

ဘယ်​တုန်းက ​ကြောက်​တတ်​သွားလဲ မ​မေးပါနဲ့ ။ အ​ခြေအ​နေအရ ​ကြောက်​တာ ။

" သွားမယ်​​လေ ... အဲ့ဒါဆို "

" ဟုတ်​ "

ရှေ့က ထ သွား​သော ဆူးနစ်​ ​နောက်​ကို အမှီလိုက်​​နေ​သော ယွန်းဆက်​......

~~~~~~~~~~~~~~~~~~

ဆိုဖာ​ပေါ်တွင်​ ထိုင်​ကာ TV ကြည့်​​နေ​သော စူးနစ်​.....
ဆူးနစ်​ရဲ့ ​ပေါင်​ကို ​ခေါင်းအုံးကာ ဖုန်းသူံး​နေသည်​မှာ​တော့ ယွန်းဆက်​ ပင်​ ။

နှလုံးသားနှင့်​...ရင်း၍... <Hiatus>Место, где живут истории. Откройте их для себя