Part 12

3.5K 243 20
                                    


နံနက်​လင်း​တော့ လှုပ်​စိ လှုပ်​စိ နှင့်​ နိုးလာ​သော ယွန်း......

အိပ်​​ပျော်​​နေဆဲ ဖြစ်​​သော မ ရဲ့ လက်​​တွေက သူမရဲ့ ကိုယ်​လုံး​လေးကို ​ထွေး​ပွေ့ထားတာ.....
မ ရဲ့ ရင်​ခွင်​ထဲက​နေ အသာ​လေး တိုးကာ မ ရဲ့ မျက်​နှာနားဆီ​ရောက်​​အောင်​ လွန့်​လူး​နေမိသည်​။

မွေးညင်း ​သေး​သေး​လေး​တွေ ရှိ​သော မ ရဲ့ မျက်​နှာပြင်​ ​ချော​ချော​လေး.....

ချော​မောလှပ​နေ​သော မ ရဲ့ မျက်​နှာ အစိတ်​အပိုင်း​လေး​တွေကို အထူးတဆန်း ကြည့်​မိ​နေသည်​။

Perfect ဟူ​သော စကားလုံးသည်​ ကျွန်​မအတွက်​​တော့ မ ကို ရည်​ညွှန်းခြင်းပင်​ဟု ဆိုမလားပင်​.....

မ ရဲ့ နှာ​တံစင်းစင်း​လေးကို အသာအယာ တို့ထိမိသည်​။
ခပ်​​ပြေ​ပြေ ​လေး ဆင်းလာရာ.....
မ ရဲ့ နှုတ်​ခမ်းပါး​လေး....
ဆေးမကူဘဲ ခပ်​ရဲရဲ​လေး သမ်း​နေသလိုပင်​......

ညဘက်​ကို နှုတ်​ခမ်းနီများ ဆိုးအိပ်​သလား.....

သိချင်​မိသည်​နှင့်​ အသာအယာ ပွတ်​ဆွဲကာ ဖျက်​ကြည့်​မိသည်​။
သို့​သော်​ လက်​ညိုးထိပ်​ဖျားတွင်​ ဘာအ​ရောင်​မှ ကပ်​ပါမလာ.......

' အ!!! အ​မေ့!!!! "

ရုတ်​တရက်​ ဆွဲ​ပွေ့ကာ လှည့်​ခံလိုက်​ရတာ​ကြောင့်​ ယွန်း လန့်​သွားမိသည်​။

မျက်​လုံးဖွင့်​ကြည့်​မိ​တော့ မ ရဲ့ မျက်​နှာက သူမ မျက်​နှာ​ရှေ့တည့်​တည့်​ အ​ပေါ်မှာ...

သူမရဲ့ ကိုယ်​လုံး​လေးက မ ​ရဲ့ အုပ်​မိုးခြင်း ​အောက်​မှာ......

ရင်​ထဲ တဒုန်းဒုန်းနှင့်​.......

" မ....... "

" ဘာလို့ အိပ်​​နေတာကို ​နှောင့်​ယှက်​​နေရတာလဲ...... Hmmmm......"

"ဟို..... အဲ..... အဲ့ဒါက.... "

မျက်​စိ​လေး ပြူးကာ အ​ကြောင်းပြချက်​ စဉ်းစား​နေ​သော ယုန်​​ပေါက်​စ​လေး....

ပွစိ ပွစိ နှင့်​ နှုတ်​ခမ်း​လေးက .......

" ဟို​တွေ အဲ​တွေ လုပ်​မ​နေနဲ့......
မင်းမှာ အပြစ်​ရှိတယ်​! သိလား "

နှလုံးသားနှင့်​...ရင်း၍... <Hiatus>Место, где живут истории. Откройте их для себя