'အင်း'
လက်၂ဖက်ကိုဆန့်တန်းကာ အပျင်းကြောဆန့်လိုက်လေသည်။တဝါးဝါးသမ်းရင်း မှိတ်ထားတဲ့မျက်လုံးတွေကို တဖြည်းဖြည်းဖွင့်လိုက်သည်။
'ဘယ်နှနာရီတောင်ရှိနေပြီလဲ'
'ဘုရား!၈နာရီခွဲနေပြီ'
အလန့်တကြားနဲ့ အိပ်ရာပေါ်မှ ငေါက်ကနဲ ထထိုင်လိုက်မိသည်။
ကျစ်!ခစားရံ နောက်ကျပြန်ပြီ။ငါတော့ အဆူခံရတော့မှာပဲ။
ဂျာကြီးရဲ့သာယာနာပျော်ဖွယ်နံနက်ချိန်ခါတေးသံသာကြီးကိုကြားရမှာစိုးတာကြောင့် ခြုံထားတဲ့စောင်ကိုဖယ်ကာကုတင်ပေါ်က ထမယ်အလုပ်။
'ဟမ်!ဒါငါ့စောင်လည်းမဟုတ်ဘူး'
နက်ပြာရောင်အိပ်ရာခင်းကိုလည်း သူ အခုမှသတိထားမိသည်။အကြောင်သားနဲ့အခန်းပတ်လည်ကိုမျက်လုံးတို့ဝှေ့ကြည့်ပြီးသကာလ မျက်လုံးအပြူးသားဖြစ်သွားရသည်။
'ဒါ ဒါBossအခန်း!!!'
ဒီဦးနှောက်ကလည်း အခုတလော မေ့တတ်ရန်ပါရော။
'ဒါနဲ့Bossရော'
တိတ်ဆိတ်နေတဲ့အခန်းထဲမှာ သူ တစ်ယောက်တည်းသာ။ညကBossဘယ်မှာအိပ်လဲမသိ။ ခစားရံရယ် Bossကိုအားနာစရာ။
'မဖြစ်သေးပါဘူး အိပ်ရာထပြီး Bossအတွက် မနက်စာလေးပဲဖြစ်ဖြစ်လုပ်ပေးမှပါ'
ကိုယ့်ဟာကိုယ်တစ်ယောက်တစ်ယောက်တည်းခပ်တိုးတိုးနဲ့ရေရွတ်လို့မှမဆုံးသေး။
'ဪ မင်းနိုးနေပြီကို'
'ဟုတ် Boss'
အခန်းထဲကိုဝင်လာတဲ့Boss။ရှေ့ဆံပင်တွေက နဖူးထက်မှာ ကပိုကရိုကျကာ ရှင်းသန့်နေတဲ့မျက်နှာနဲ့။အိပ်ရာထကာစ နံနက်ခင်းမှာတောင် ဒီလောက်ကြည့်ကောင်းနေစရာလိုလို့လားBossရာ။
'မှန်းစမ်း!အဖျားကောကျသွားပြီလား'
နဖူးပေါ်ကိုရောက်လာတဲ့Bossရဲ့ လက်ဖဝါးတစ်ဖက်ကြောင့် သူပြုံးလိုက်မိသည်။
'အင်း တော်သေးတယ် အဖျားကျသွားပြီ'
'မျက်နှာသစ် ပြီးရင် မနက်စာစားကြမယ်'
YOU ARE READING
My First Love is💛
Romanceချစ်ကြည့်ပါ ခံစားကြည့်ပါ ပျော်ရွှင်ကြည့်ပါ ဝမ်းနည်းကြည့်ပါ မင်းကအသက်မဲ့တဲ့ရုပ်သေးရုပ်လေးတစ်ရုပ်မဟုတ်တဲ့အတွက် မင်းဘဝကိုမင်းထုဆစ်ကြည့်ပါ မင်းတကယ့်ပျော်ရွှင်မှုနဲ့လွတ်လပ်မှုကိုခံစားရပါလိမ့်မယ်..... *BL OC Fiction*